နေသဇ္ဇိကဓုတင်
နိသဇ္ဇိဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ နိသဇ္ဇိဓုတင် ဆောက်တည်သည့် ရဟန်းသည် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း ဣရိယာပုထ် (၃) မျိုးဖြင့်သာ နေရ၏။ လျောင်းသော ဣရိယာပုထ်ဖြင့် မနေရ၊ လဲလျောင်း၍ မနေရ။[၁]
ဆောက်တည်ပုံ
ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် “သေယျံ ပဋိက္ခိပါမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “လဲလျောင်းအိပ်စက်ခြင်းကို ပယ်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊ “နေသဇ္ဇိကင်္ဂံ သမာဒိယာမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “ထိုင်လျက် နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]
သတိပြုရန်
ဤဓုတင်အကျင့်ကို စွမ်းနိုင်သမျှ ကျင့်ကြံလျှေင် ကိလေသာ ပါး၍ ကုသိုလ်တရား ပွား၍ အကျိုးများ၏။ သို့သော ဓုတင်ဆောက်တည်သူသည် မိမိမှာ ဓုတင်ဆောက်တည်သူဖြစ်ကြောင်းကို အခြားသူတို့ကို သိအောင် ပြောပြလျှက် ကျင့်ပါမူ ဓုတင်္ဂ အပ္ပိစ္ဈတာ (ဓုတင်၌ အလိုလောဘနည်းခြင်း) ဂုဏ်နှင့် မဟပ်မိတော့ပေ။[၁]
ဓုတင် ပျက်စီးခြင်း
လျောင်း၌ အိပ်စက်ခြင်းကို ပြုကာမျှနှင့်ပင် ဓုတင် ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍ ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]