နည်းပညာတက္ကသိုလ်(မန္တလေး)

ဝီကီပီးဒီးယား မှ
မန္တလေးနည်းပညာတက္ကသိုလ် နှင့် မရောထွေးပါနှင့်။
နည်းပညာ တက္ကသိုလ် (မန္တလေး)
Technological University Mandalay
နည်းပညာဖြင့် တိုင်းပြည်မြှင့်အံ့
Our Technology To Develop Our Country
TUM
{{{အမည်}}}
နည်းပညာတက္ကသိုလ်(မန္တလေး)၏ အမှတ်တံဆိပ်
တည်ထောင်ခုနှစ် ဇန်နဝါရီ ၂၀၊ ၂၀၀၇ (၂၀၀၇-၀၁-၂၀)
တည်နေရာ အိုးဘိုရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်​၊ မန္တလေးတိုင်းဒေသကြီး
အမျိုးအစား အများနှင့်သက်ဆိုင်သော
အကျယ်အဝန်း ၆၂.၁၅ ဧက
အဖွဲ့အစည်း ပညာရေးဝန်ကြီးဌာန
ဝဘ်ဆိုတ် tumdy.moe-st.gov.mm


နည်းပညာတက္ကသိုလ်(မန္တလေး) သည် ပညာရေးဝန်ကြီးဌာနအဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ နည်းပညာတက္ကသိုလ်တစ်ခုဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်တွင် တည်ရှိသည်။

သမိုင်းကြောင်း

၁၉၅၅ ခုနှစ်တွင် အစိုးရနည်းပညာသိပ္ပံကျောင်း အဖြစ် စတင်တည်ထောင်ခဲ့သည်။ အစိုးရနည်းပညာကောလိပ် အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် နည်းပညာတက္ကသိုလ် (မန္တလေး) အဖြစ် ပြောင်းလဲခဲ့သည်။

သင်ကြားနေသောဘာသာရပ်များ

  1. မြို့ပြအင်ဂျင်နီယာဘာသာရပ်
  2. ဗိသုကာပညာဘာသာရပ်
  3. စက်မှုပညာဘာသာရပ်
  4. လျှပ်စစ်၊စက်မှုအင်ဂျင်နီယာဘာသာရပ်
  5. သတင်းအချက်အလက်ဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်
  6. သုတနည်းပညာဘာသာရပ်
  7. လျှပ်စစ်စွမ်းအားဘာသာရပ်