နည်းပညာတက္ကသိုလ်(ပုသိမ်)

ဝီကီပီးဒီးယား မှ
၀၈:၀၉၊ ၁၇ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 2 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
နည်းပညာတက္ကသိုလ်(ပုသိမ်)
ဆောင်ပုဒ်Promote Technology towards Innovation
အမျိုးအစားအများဆိုင်
တည်ထောင်၂၇ ဒီဇင်ဘာ ၁၉၉၉
ကျောင်းအုပ်ကြီးဒေါက်တာကျော်သူရ
တည်နေရာကန်ကြီးထောင့်မြို့နယ်ဧရာဝတီတိုင်းဒေသကြီးမြန်မာနိုင်ငံ
ဝဘ်ဆိုဒ်patheintu.edu.mm

နည်းပညာတက္ကသိုလ်-ပုသိမ် (အင်္ဂလိပ်: Technological University (Pathein)) သည် မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီးကန်ကြီးထောင့်မြို့နယ်အပင်နှစ်ဆယ်တွင် တည်ရှိပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ လက်ရှိကျောင်းအုပ်ကြီးမှာ ဒေါက်တာကျော်သူရဖြစ်သည်။ ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည်။


သမိုင်းကြောင်း[ပြင်ဆင်ရန်]

အစိုးရ နည်းပညာ ကောလိပ်(ပုသိမ်)အား ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာတွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့ပြီး နည်းပညာ တက္ကသိုလ်(ပုသိမ်)အဖြစ်သို့ ဖွင့်လှစ်ခဲ့သည်။ ယခုလက်ရှိကျောင်းအုပ်ကြီး သည်ဒေါက်တာကျော်သူရ[၁]ဖြစ်သည်။

သင်ကြားရေးဌာနများ[ပြင်ဆင်ရန်]

  • မြို့ပြအင်ဂျင်နီယာဌာန
  • အီလက်ထရွန်းနစ်အင်ဂျင်နီယာဌာန
  • လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
  • စက်မှုအင်ဂျင်နီယာဌာန
  • သတင်းအချက်အလက်နည်းပညာဌာန

ဘွဲ့ဒီဂရီသင်တန်းများ[ပြင်ဆင်ရန်]

ဘွဲ့သင်တန်း ဘွဲ့ဒီဂရီ သင်တန်းကာလ
မြို့ပြအင်ဂျင်နီယာဘွဲ့ B.E. (Civil) ၆ နှစ်
အီလက်ထရွန်းနစ်အင်ဂျင်နီယာဘွဲ့ B.E. (EC) ၆ နှစ်
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘွဲ့ B.E. (EP) ၆ နှစ်
စက်မှုအင်ဂျင်နီယာဘွဲ့ B.E. (ME) ၆ နှစ်
သတင်းအချက်အလက်နည်းပညာဘွဲ့ B.E. (IT) ၆ နှစ်

ကိုးကား[ပြင်ဆင်ရန်]

  1. Background History။ 30 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]