နည်းပညာတက္ကသိုလ်(စစ်တွေ)

ဝီကီပီးဒီးယား မှ
၀၈:၀၈၊ ၁၇ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 2 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
နည်းပညာတက္ကသိုလ်(စစ်တွေ)
Technological University (Sittwe)
စက်မှုစွမ်းအား ပြည်ထွန်းကား
{{{အမည်}}}
တည်နေရာ ရေချမ်းပြင်၊စစ်တွေမြို့
ရခိုင်ပြည်နယ်မြန်မာနိုင်ငံ
အမျိုးအစား အများသူငါနှင့်ဆိုင်သော
ပိုင်ဆိုင်မှု ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)
ဝဘ်ဆိုတ် tusty.moe-st.gov.mm

နည်းပညာတက္ကသိုလ်(စစ်တွေ)သည် ရေချမ်းပြင်၊ စစ်တွေမြို့ရခိုင်ပြည်နယ်တွင် တည်ရှိသည်။ ရခိုင်ပြည်နယ်ရှိ ကျောင်းသားလူငယ်များ အိုးအိမ်မကွာ အလွယ်တကူတက်ရောက်နိုင်ရန် စစ်တွေနည်းပညာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဆင့်တိုးမြင့်ခဲ့သည်။

သမိုင်းကြောင်း

အစိုးရနည်းပညာကောလိပ် (စစ်တွေ)အား ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်၌ အကျယ်အဝန်းဧက ၆ ဧကရှိသော မြေကွက်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စစ်တွေမြို့နယ်၊ ခုတင်ပိုက်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ကျေးရွာအနီး အကျယ်အဝန်း ၄၀ ဧကရှိသော မြေကွက်တွင် အသစ် ဆောက်လုပ်ထား သော သုံးထပ်ဆောင်သစ်တွင် ပြောင်းရွှေ့ သင်ကြားဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်အဆင့်သို့ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တိုးမြှင့်ခဲ့သည်။[၁]

သင်ကြားမှုစနစ်

နည်းပညာတက္ကသိုလ်(စစ်တွေ)တွင် ဌာနခွဲများရှိပြီး ၎င်းဌာနများ၏ အမည်များမှာ -

  1. မြို့ပြအင်ဂျင်နီယာဌာန၊
  2. စက်မှုအင်ဂျင်နီယာဌာန၊
  3. လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာန၊
  4. အီလက်ထရောနစ် အင်ဂျင်နီယာဌာန၊
  5. စက်မှုလျှပ်စစ် အင်ဂျင်နီယာဌာန၊
  6. ဓာတုအင်ဂျင်နီယာဌာန၊
  7. ရူပဗေဒ အင်ဂျင်နီယာဌာန၊
  8. ဓာတုဗေဒ အင်ဂျင်နီယာဌာန၊
  9. သင်္ချာ အင်ဂျင်နီယာဌာန နှင့်
  10. ဘာသာစကားဌာနများ ဖြစ်ကြပါသည်။[၂]

အင်ဂျင်နီယာ ဘာသာရပ်များ

B.E ဘွဲ့အတွက်ဘာသာရပ်များမှာ

Graduate Degree Program Degree Duration
Bachelor of Civil Engineering B.E. (Civil) 5-yrs (Full Time)
Bachelor of Mechanical Engineering B.E (Mech) 5-yrs (Full Time)
Bachelor of Electronic and Communication Engineering B.E. (EC) 5-yrs (Full Time)
Bachelor of Electrical Power Engineering B.E. (EP) 5-yrs (Full Time)

A.G.T.I ဒစ်ပလိုမာဘာသာရပ်များမှာ ...

Under Graduate Diploma Degree Program Degree Duration
Diploma in Civil Engineering A.G.T.I. (Civil) 2-yrs(Full Time)
Diploma in Electronic and Communication Engineering A.G.T.I. (EC) 2-yrs (Full Time)
Diploma in Electrical Power Engineering A.G.T.I. (EP) 2-yrs (Full Time)
Diploma in Mechanical Power Engineering A.G.T.I. (MP) 2-yrs (Full Time)
Diploma in Computer Numerical Control Engineering A.G.T.I. (CNC) 2-yrs (Full Time)

ဆက်စပ်လေ့လာရန်

ကိုးကား

  1. Background History။ 24 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 20 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2014 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ