ဘက်ထရီ

ဝီကီပီးဒီးယား မှ

ဓာတ်အိုးသည် အင်္ဂလိပ်ဘာသာအားဖြင့် ဘက်ထရီ(Battery)ဟု ခေါ်ဆိုကြသည်။ မြန်မာစကားနှင့် တိုက်ရိုက်ပြန်လျှင် ဓာတ်အိုးဟု အဓိပ္ပါယ် ပေါ်စေသည်။ ၎င်းဘက်ထရီအိုးသည် မော်တော်ကား၊ လေယာဉ်ပျံ၊ မီးရထား စသော လည်ပတ်စေသည့် အင်ဂျင်စက်များတွင် စက်နှိုးခြင်းနှင့် မီးထွန်းရန်အတွက် ပါဝင်အသုံးပြုရသော တန်ဆာတစ်ခုဖြစ်သည်။ ၎င်းဓာတ်အိုးခေါ် ဘက်ထရီမှာ ဒီစီ Direct Current လျှပ်စစ်ဓာတ်အား ဖြစ်စေသည်။ ဓာတ်မ၊ ဓာတ်ဖို Negative နှင့် Positive နှစ်စား ခွဲခြား၍ ပြုပြင်စီမံထားသည်။ အပေါင်းသည် အဖို (Positive) ဖြစ်၍ အနှုတ်သည် အမ (Negative) တို့ ဖြစ်ကြသည်။ ၎င်း (+) နှင့် (-)ကို ကြေးနီကြိုး တစ်ချောင်းဖြင့် ပူးထိ ခပ်ကြည့်လိုက်ပါက မီးပွင့်ထွက်လာသည်ကို တွေ့ရမည်။ အမှန်မှာ အဖိုနှင့် အမ ဆန့်ကျင်ဘက်ခြင်း ထိတွေ့မှုကြောင့် လျှပ်စီးကြောင်းကို တွေ့မြင်နိုင်သည်။

ပါဝင်ပစ္စည်းများ

ဘက်ထရီအိုးအတွင်း၌ ခဲပြား (Plate) နှင့် အက်စစ်ရည် (Acid) တို့ပါဝင်သည်။