ဒိုမီနီကန်သမ္မတနိုင်ငံ

ဝီကီပီးဒီးယား မှ
ဒိုမီနီကာနိုင်ငံ နှင့် မရောထွေးပါနှင့်။
ဒိုမီနီကန်သမ္မတနိုင်ငံအလံ

ဒိုမီနီကန်သမ္မတနိုင်ငံသည် ကာရစ်ဘီယံ ဒေသအတွင်းရှိ ဂရိတ်တားအန်တေးလ်ကျွန်းစုများထဲမှ ဟစ်စပန်နီအိုလာကျွန်းပေါ်တွင် ရှိသောနိုင်ငံဖြစ်သည်။ ကျွန်း၏ အနောက်ပိုင်း ၃ ပုံ၁ပုံမှာ ဟေတီနိုင်ငံဖြစ်သဖြင့် ဟစ်စပန်နီအိုလာကျွန်းသည် ကာရစ်ဘီယံဒေသအတွင်း နိုင်ငံနှစ်နိုင်ငံ မျှဝေပိုင်ဆိုင်သော ကျွန်းနှစ်ကျွန်းထဲမှ တစ်ကျွန်း ဖြစ်သည်။ လူဦးရေနှင့် အကျယ်အဝန်းအရ ဒိုမီနီကန် သမ္မတနိုင်ငံသည် ကာရစ်ဘီယံ နိုင်ငံများတွင် ကျူးဘားနိုင်ငံ ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။ ဧရိယာအကျယ်အဝန်း ၄၈,၄၄၂ စတုရန်းကီလိုမီတာ (၁၈,၇၀၄ စတုရန်းမိုင်) ရှိပြီး လူဦးရေ ၁၀ သန်းခန့်မျှ ရှိသည်။