ဒိုင်းနက်လူမျိုး

ဝီကီပီးဒီးယား မှ
၁၀:၂၁၊ ၂၆ ဒီဇင်ဘာ ၂၀၂၀ နေ့က Ninjastrikers (ဆွေးနွေး | ပံ့ပိုး) (116.206.137.142 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Ninjastrikers ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်) တည်းဖြတ်သည့်မူ
ဒိုင်းနက် ရိုးရာဝတ်စုံ
ဒိုင်းနက်လူမျိုး
ဒိုင်းနက်လူမျိုး

ဒိုင်းနက်လူမျိုးများသည် ဒိုင်းပညာရပ်များကို တတ်ကျွမ်းသူများ ဖြစ်ခဲ့ကြ၍ ဒိုင်းနက်လူမျိုးဟု​ခေါ်တွင်​ကြောင်း သိရသည်။မူလ ဒိုင်းတတ် မှ ဒိုင်းဒက် ဒိုင်းနက်ဟုပြောင်းလဲလာသည်။ ဒိုင်းနက်လူမျိုးတွင် မျိုးနွယ်ကွဲ ၈မျိုးရှိသည်။ ဒိုင်းနက်တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ဒိုင်းနက်တို့သည် ဘင်္ဂါလီ ဘာသာစကားနှင့် နီးစပ်​သောစကား​ပြောဆိုကြသည်။

ဒိုင်းနက်အများဆုံး ​နေထိုင်ရာ​ဒေသမှာ စစ်​တွေမြို့နယ်ပင်ဖြစ်သည်။ ဒိုင်းနက်၈ မျိုးအနက် လက်ဝဲ​ထောင်ဒိုင်းနက်များသည် ကျောက်​တော်၊ပုဏ္ဏားကျွန်း မြို့များတွင်​နေထိုင်ကြသည်။​ မောင်ညို​ထောင် ဒိုင်းနက်တို့သည် မြောက်ဦး၊မင်းပြား၊ရ​သေ့​တောင်တို့တွင် ​နေထိုင်ကြသည်။ ဒိုင်းနက်တို့သည် ဘူးသီး​တောင်​မောင်​တော မြို့နယ်များနှင့် ​လေးမြို့​ချောင်းဖျားတွင်လည်း ​နေထိုင်ကြသည်။

ကိုးကား

1.ရခိုင်ယဉ်​ကျေးမှု ဓ​လေ့ထုံးစံများ

ကိုးကား