ဒလောင်လူမျိုး

ဝီကီပီးဒီးယား မှ

ဒလောင်လူမျိုး

မြန်မာနိုင်ငံမြောက်ပိုင်း မေခမြစ်ဖျား အဒုံလောင်နှင့် စန်ခိုလောင်ဒေသတွင် ရဝမ်အနွယ်ဝင် ထလု၊ တရ ထရုံလူမျိုး များနှင့် ရောနှောနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုး ဖြစ်သည်။ ဒလောင်လူမျိုးတို့သည် အသားဖြူ၍ အရပ်အမောင်းမြင့်မားပြီး ကျန်းမာသန်စွမ်းကြသည်။ ယင်း ဒလောင်လူမျိုးတို့ကို တိဗက်အနွယ်မှ ဆင်းသက်လာသည်ဟု အချို့ကဆိုကြလေသည်။

ယောက်ျား မိန်းမအားလုံး ဆံပင်ရှည်ထားကြသည်။ ယောက်ျားများသည် ဘယ်ဘက်နားတွင် ငွေကွင်းကြီးများ ပန် ဆင်ပြီး၊ မိန်းမများကမူ ငွေကွင်းကြီးများ နားနှစ်ဘက်လုံးတွင် ပန်ဆင်ကြသည်။ ယောက်ျားများသည် သိုးမွေးအဝတ်ရှည်ကြီးများ ဝတ်ဆင်ပြီး မိန်းမများမှာ အညို (သို့) အနက်ရောင် အဝတ်ရှည်များ ဝတ်ကြရသည်။ မိန်းမများသည် အဖြူရောင်ကို ခါးအောက်ပိုင်းတွင် ဝတ်ရိုးထုံးစံ မရှိပေ။ သူတို့ကိုယ်တိုင်ချုပ်သော ဖိနပ်ရှည်ကြီးများ စီးကြသည်။ ယောက်ျားများသည် ဆင်စွယ်လက်ကောက်ကို ဗက်လက်တွင် ဝတ်ကြရ ပြီး မိန်းမများကမူ ဆင်စွယ်လက်ကောက်များကို လက်နှစ် ဘက်လုံးတွင် ဝတ်ကြလေသည်။

ယင်းတို့သည် ဗုဒွအယူဝါဒကို ကိုးကွယ်ကြသည်။ တောင်ယာလုပ်သည်။ ဂျုံနှင့်ပြောင်းဖူးများ စိုက်ပျိုးကြသည်။ ရက်ကန်း အနည်းအပါး ရက်ကြသည်။ ကတိုးမချစ်ဥနှင့် ဆေးမြစ်အမျိုးမျိုး ရှာဖွေရောင်းချလေသည်။

ဒလောင်လူမျိုးတို၏သည် ကျေးရွာများကို အစုလိုက်ဖွဲ့စည်း တည်ဆောက်လေ့ရှိသည်။ ကျေးရွာအတွက် မြေနေရာရွေးသည့် အခါ ဘုန်းတော်ကြီးများက တွက်ချက်ဟောပြောသည့်အတိုင်း ရွေးချယ် တည်ဆောက်ကြသည်။ အိမ်ယာထောင်သည့်အခါ တဝမ်းကွဲချင်း လက်ထပ်လေ့ရှိသည်။ လူများ သေလွန်သည့်အခါ ဘုန်းတော်ကြီးများ တွက်ချက်ဟောပြောသည့်အတိုင်း မြေမြုပ်ခြင်း၊ မီးရှို့ခြင်း၊ မြစ်ထဲချောင်းထဲ ပစ်ချခြင်းများ ပြုလုပ်လေ့ရှိသည်။ [၁]

ကိုးကားချက်

  1. မြန်မာစွယ်စုံကျမ်း