ဒဂုံတက္ကသိုလ်

ဝီကီပီးဒီးယား မှ
ဒဂုံတက္ကသိုလ်
Dagon University
စိတ်ထားကောင်းမြတ် ကျင့်ဝတ်လိုက်နာ ပညာထူးချွန် လူရည်မွန်များမွေးဖွားရိပ်ခို ဒို့တက္ကသိုလ်
{{{အမည်}}}
တည်ထောင်ခုနှစ် ၁၉၉၃; ၃၁ နှစ် အကြာက (၁၉၉၃)
ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်[၁]
ဒုတိယပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်
ဒေါ်နုနုရီ
တည်နေရာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
ပိုင်ဆိုင်မှု ပညာရေးဝန်ကြီးဌာန
ဝဘ်ဆိုတ် dagonuniversity.edu.mm


ဒဂုံတက္ကသိုလ်(Dagon University)သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ထဲတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ ကျောင်းသားဦးရေ အများဆုံးနှင့် အကြီးဆုံးသော တက္ကသိုလ်တစ်ခုဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ဝိဇ္ဇာဘာသာရပ်သိပ္ပံဘာသာရပ် ပို့ချလျက်ရှိသော တက္ကသိုလ်ဖြစ်သည်။

သမိုင်းကြောင်း

ဒဂုံတက္ကသိုလ်ကို ၁၉⁠၉၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားများကို ၁၉⁠၉၃ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် စတင်လက်ခံသင်ကြားခဲ့သည်။ ခွင့်ပြုသည့် ကျောင်းသားဦးရေမှာ (၆၀⁠၀၀၀) ဖြစ်သည်။ ၁၉⁠၉၃-၉၄ ကျောင်းဖွင့်စ ပညာသင်နှစ်တွင် ဘာသာရပ်ဌာန(၈)ခု၌ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ (၁၃၀၀) ခန့်ကို လက်ခံသင်ကြားပေးခဲ့သည်။ ၂၀⁠၀၂-၂၀⁠၀၃ ပညာသင်နှစ်အစတွင် ကျောင်းသားဦးရေ (၁၅၀⁠၀၀) ကျော်ကို လက်ခံသင်ကြားပေးခဲ့သည်။ ၂၀⁠၀၃-၂၀⁠၀၄ ခု ပညာသင်နှစ်တွင် ကျောင်းသားဦးရေ (၂၁၄၆၃) ကိုလက်ခံသင်ကြားပေးခဲ့သည်။ ၂၀⁠၀၄-၂၀⁠၀၅ ခု ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ (၂⁠၂၅၉၁)ကို လက်ခံသင်ကြားပေးခဲ့သည်။ ၂၀⁠၀၅-၂၀⁠၀၆ ခု ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ဦးရေ (၂၄၃၁၄) ကို လက်ခံသင်ကြားပေးခဲ့သည်။ ဒဂုံတက္ကသိုလ်မှ ဆရာ၊ ဆရာမများသည် အဝေးသင်ကျောင်းသားကျောင်းသူများ ၏သင်ကြားရေးကိုလည်း တာဝန်ယူဆောင်ရွက်ရသည်။ ၂၀⁠၀၄-၂၀⁠၀၅ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ဦးရေစုစုပေါင်း (၅၉၁၄၄) ဦး၊ ၂၀⁠၀၅-၂၀⁠၀၆ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း (၆၂၈၉၈) ဦး၏ သင်ကြားရေးကို တာဝန်ယူခဲ့သည်။

တည်နေရာ

ရန်ကုန်မြို့ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မြို့နယ်ထဲတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၁၅၈၂.၁၄ဧက ကျယ်ဝန်းသည်။

ဖွဲ့စည်းပုံ

ဘာသာရပ်သင်တန်းများ

အထူးပြုဘာသာရပ်ဌာန (၁၈) ခုရှိပြီးသင်ကြားပို့ချသော အထူးပြုဘာသာရပ်များအနက်

စုစုပေါင်း အထူးပြုဘာသာရပ်နှင့် ပေါင်းစပ် ဘာသာရပ်(၃၁) ခုကို ဒဂုံတက္ကသိုလ်တွင် သင်ကြားလျက်ရှိသည်။စုစုပေါင်း ပုံမှန်နေ့သင်တန်း ကျောင်းသား ကျောင်းသူဦးရေမှာ (၂၄၃၁၄) ဦးဖြစ်သည်။

ကိုးကားကျမ်း

  1. ဒဂုံတက္ကသိုလ်တရားဝင်ဝက်ဘ်ဆိုက် https://www.dagonuniversity.edu.mm/welcome-and-history/