တွံတေးမြို့

ဝီကီပီးဒီးယား မှ
၀၅:၃၇၊ ၂၉ ဒီဇင်ဘာ ၂၀၂၀ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7) တည်းဖြတ်သည့်မူ
တွံတေးမြို့
တွံတေးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တွံတေးမြို့
တွံတေးမြို့
တွံတေး တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°42′26″N 95°55′50″E / 16.707344°N 95.93047°E / 16.707344; 95.93047ကိုဩဒိနိတ်: 16°42′26″N 95°55′50″E / 16.707344°N 95.93047°E / 16.707344; 95.93047
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးရန်ကုန်
ခရိုင်ရန်ကုန်(တောင်ပိုင်း)
မြို့နယ်တွံတေးမြို့နယ်[၂]
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂၂၆,၈၀၃[၁]

တွံတေးမြို့သည် ရန်ကုန်တိုင်းဒေသကြီးတွင် ပါဝင်သော မြို့တစ်ခုဖြစ်သည်။ ရန်ကုန်မြို့၏ အနောက်ပိုင်း လှိုင်မြစ်တလျှောက်တွင် တည်ရှိသည်။ မွန်ဘာသာအရ တွံ-ကုန်းမို့၊ တေ-ထရွာ၊ ကုန်းမို့ရွာဟု အဓိပ္ပါယ်ရသည်။[၃] တွံတေးမြို့နယ်ရှိ ရွာပေါင်း(၂၂၀)ရွာကို ကျေးရွာစု (၆၅)စုနှင့် ရပ်ကွက် (၈)ခုတို့အဖြစ် ဖွဲ့စည်းထားသည်။

သမိုင်း

တွံတေးမြို့သည် ရန်ကုန်တိုင်းဒေသကြီးတွင် ပါပြီး တွံတေးတူးမြောင်းနံဘေးတွင် တည်ရှိပါသည်။ တွံတေးကို ပုဂံခေတ်က တလ(ဒလ)မြို့ဟု ခေါ်ဆိုခဲ့ကြသည်။ ယင်းကာလမတိုင်မီကမူ အိုးလုပ်ငန်းလုပ်ကိုင်ရာ ကလသပူရဟု ခေါ်ဆိုခဲ့ကြောင်း ထန်မင်းဆက်သမိုင်းသစ်က ဆိုသည်။ ပုဂံခေတ်တွင် ပုဂံဘုရင်များ လက်အောက်ခံဖြစ်သော်လည်း အင်းဝခေတ်သို့ရောက်သောအခါ ဟံသာဝတီဘုရင်က အုပ်ချုပ်ခဲ့သည်။ ရှေးဒလမြို့တော်သည် ခံတပ်မြို့ဖြစ်ပြီး တံတိုင်းအခိုင်အခန့်ဖြင့် တည်ဆောက်ထားသည်။ တံတိုင်းများမှာ ယနေ့တိုင်တွေ့မြင်နိုင်ပါသေးသည်။

လူဦးရေ

၁၈၅၂ ခုနှစ် ဗြိတိသျှလက်အောက်ကျရောက်စဉ် သံလွင်ခရိုင်၏ ခရိုင်ခွဲ (ဆပ်ဒီဝီဇံ)ရုံးစိုက်ရာမြို့ ဖြစ်ခဲ့သည်။ ၁၈၇၈ ခုနှစ်တွင် လူဦးရေ ၁၈၇၀ ဦးရှိပြီး ၁၉၀၁ တွင် ၄၆၈၄ ဦး နေထိုင်ခဲ့သည်။

ဗမာ၊ ကရင်၊ ရှမ်း၊ ရခိုင်၊ မွန် နှင့် ချင်းလူမျိုးများ အများစုနေထိုင်ကြသည်။ ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စစ်တမ်းအရ လူဦးရေမှာ ၂၂၉၀၁၇ ရှိသည်။ [၄]

တွံတေးတူးမြောင်း

တွံတေးတူးမြောင်းကို ၁၈၃၃ခု မေလတွင် စတင်ဖွင့်လှစ်ခဲ့ရာ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာခဲ့သည်။ တူးမြောင်းအလျားမှာ ၂၂ မိုင်ရှည်ပြီး ငွေကျပ် ၁၀၃ သိန်းကျော် ကုန်ကျခဲ့သည်။

စေတီပုထိုးများ

တွံတေးမြို့ ရွှေဆံတော်ဘုရားမှာ သမိုင်းဝင်စေတီတစ်ဆူ ဖြစ်သည်။ ဗောင်းတော်ချုပ်စေတီသည်လည်း တွံတေးမြို့ရှိ ထင်ရှားသောစေတီ ဖြစ်သည်။ [၅]

ကိုးကား

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၁၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 25, 2015 တွင် ပြန်စစ်ပြီး
  2. GAD, Feb 2011.
  3. ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း
  4. တွံတေးမြို့နယ်ဒေသဆိုင်ရာအချက်အလတ်များ
  5. မြန်မာမြို့အဘိဓာန် တင်နိုင်တိုး။ဇေတဝန်စာအုပ်တိုက်၊ ရန်ကုန်။ ဖေဖော်ဝါရီ ၂၀၁၂။