တြိချိုး

ဝီကီပီးဒီးယား မှ
၁၂:၅၉၊ ၂ ဧပြီ ၂၀၁၈ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ရိုဘော့က ပေါင်းထည့်နေသည် - {{မြန်မာဘာသာစကား}}) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)

တြိချိုး[ပြင်ဆင်ရန်]

တြိ ဟူသည်မှာ သုံးခုဟု အဓိပ္ပာယ်ရသော ပါဠိစကားစကား ဖြစ်သည်။ အချိုးသုံးချိုး ပါဝင်သော ကဗျာအမျိုးအစား ဖြစ်သည်။

တြိချိုးစပ်နည်း[ပြင်ဆင်ရန်]

ဒွေးချိုးစပ်နည်းကိုသိလျှင် တြိချိုးစပ်နည်းကိုသိရန် မခက်တော့ချေ။ ဒွေးချိုးဟူသော အချိုးနှစ်ခုပေါ်တွင် အထက်က တချိုးထပ်ဆင့်လိုက်ရုံမျှသာ ဖြစ်သည်။ ထပ်တိုးလိုက်သော ပထမအချိုးမှာ ချီသံခေါ်တက်သံဖြင့် ဆုံးရသည်။ ချီသံခေါ် တက်သံမှတစ်ပါး အခြားအသံများဖြင့် အချိုးကာရန်မချနိုင်။ ပထမ အချိုးကာရန်အတိုင်း ဒုတိယအချိုးတွင် ပိုဒ်တွင်းကာရန် ယူရသည်။ ထိုသို့ ပထမအချိုး ကာရန်၏ နောက်သို့လိုက်၍ ဒုတိယအချိုး အဆုံးသတ်ခါနီးတွင် ကာရန်တူ ယူရသည်ကို ခွာထောက်ကာရန်ဟု ဆိုကြသည်။ ခွာထောက်ကာရန် ယူမိအောင် အထူးဂရုစိုက်ရသည်။ ခွာထောက်ကာရန်လွဲလျှင် ပထမအချိုးနှင့် ဒုတိယအချိုး အချိတ်အဆက်မမိပဲ တသီးတခြားစီ ဖြစ်သွားပေလိမ့်မည်။ များသောအားဖြင့် ခွာထောက်ကာရန်မိဖို့ သတိမရပဲ ရှိတတ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)