တောင်ဥက္ကလာပမြို့နယ်

ဝီကီပီးဒီးယား မှ
တောင်ဥက္ကလာပမြို့နယ်
တောင်ဥက္ကလာပမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တောင်ဥက္ကလာပမြို့နယ်
တောင်ဥက္ကလာပမြို့နယ်
တောင်ဥက္ကလာပမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°50′46″N 96°10′46″E / 16.84611°N 96.17944°E / 16.84611; 96.17944ကိုဩဒိနိတ်: 16°50′46″N 96°10′46″E / 16.84611°N 96.17944°E / 16.84611; 96.17944
Country မြန်မာ
တိုင်းရန်ကုန်
မြို့ရန်ကုန်
မြို့နယ်တောင်ဥက္ကလာပ
စာပို့သင်္ကေတ၁၁၀၉၁

တောင်ဥက္ကလာပမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ တောင်ဥက္ကလာပမြို့နယ်၏ မြောက်ဘက်တွင် မြောက်‌ဥက္ကလာပမြို့နယ်၊ အရှေ့ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ အနောက်ဘက်တွင် ရန်ကင်းမြို့နယ်နှင့် တောင်ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်တို့ တည်ရှိသည်။ တောင်ဥက္ကလာပမြို့နယ်ကို ရပ်ကွက်ပေါင်း (၁၆)ခုဖြင့် ဖွဲ့စည်းထားသည်။ ဤမြို့နယ်သည် (၁၉၅၉)ခုနှစ်တွင် တပ်မတော်အစိုးရ တည်ထောင်ခဲ့သော မြို့သစ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယခုအခါတွင် ဤမြို့နယ်မှာ ရန်ကုန်မြို့၏ အခြေကျသော မြို့အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။ သို့သော်ငြားလည်း လျှပ်စစ်အားနှင့် မိလ္လာစနစ်များမှာ မြို့နှင့် ဆက်သွယ်ထားခြင်း မရှိသေးပေ။

အစိုးရ မူလတန်းကျောင်း (၃၂) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။

အထူးကုဆေးရုံကြီးတစ်ရုံဖြစ်သော တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှာလည်း ဤမြို့နယ်တွင် တည်ရှိသည်။

ကိုးကား