တမ်းချင်း

ဝီကီပီးဒီးယား မှ
၁၂:၅၈၊ ၂ ဧပြီ ၂၀၁၈ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ရိုဘော့က ပေါင်းထည့်နေသည် - {{မြန်မာဘာသာစကား}}) တည်းဖြတ်သည့်မူ

တမ်းချင်းဆိုသည်မှာ တမ်းတအောက်မေ့ဘွယ်ကောင်းသော လွန်လေပြီးသော အကြောင်းအရာတို့ကို ဖွဲ့နွဲ့ စီကုံးသော သီချင်းကို တမ်းချင်းဟု ခေါ်သည်။ (နန္ဒမာလိနီ ... မှ) လွမ်းချင်းနှင့် ကွာခြားချက်မှာ လွမ်းချင်းသည် လက်ရှိမျက်မှောက်ဖြစ်ပျက်သည့် အကြောင်းအရာများကို ရေးစပ်သီကုံးခြင်းဖြစ်ပြီး တမ်းချင်းသည် လွန်လေပြီးသော ပျက်စီးပြီးဖြစ်သော အကြောင်းအရာများကို တမ်းတ အောက်မေ့စွာ ရေးစပ်သီကုံးခြင်းဖြစ်ပါသည်။

တမ်းချင်းများကို လေးလုံးစပ် လင်္ကာသွားဖြင့် ဖွဲ့ပြီး လွမ်းချင်းများကို အချိုးသွားဖြင့် (သံချိုနှင့်ဆင်ပါသည်) ဖွဲ့ရပါသည်။ ခြင်္သေ့လည်ပြန် နဘေစပ်နည်းကိုလည်း သုံးလေ့ရှိပါသည်။