အိမ်စောင့်အစိုးရ (၂၀၂၁)

ဝီကီပီးဒီးယား မှ
တပ်မတော်အစိုးရ (၂၀၂၁)

အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ
လက်ရှိ
အစိုးရအဖွဲ့အကြီးအကဲများ
ဖွဲ့စည်းရက်စွဲ၁ ဖေဖော်ဝါရီ ၂၀၂၁
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ
အစိုးရခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဒုတိယ ခေါင်းဆောင်ဦးမြင့်​ဆွေ (ယာယီသမ္မတ)
အဖွဲ့ဝင် ပါတီတပ်မတော်
သမိုင်း
ယခင်ဦးဝင်းမြင့်အစိုးရ
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

တပ်မတော်အစိုးရသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အာဏာလွှဲပြောင်းရယူပြီးနောက် ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့ဖြစ်သည်။

သမိုင်း​ကြောင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းအချိန်တွင် မြန်မာ့တပ်မတော်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အခြားသောပါတီဝင်များကို ဖမ်းဆီးခဲ့‌လေသည်။[၁]ထို့နောက် ယာယီသမ္မတဖြစ်လာသော ဦးမြင့်ဆွေက အရေးပေါ်အခြေအနေကြေညာကာ တိုင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးခဲ့သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ညပိုင်းမှစတင်ကာ ဝန်ကြီးအသစ်များကို ခန့်အပ်ခဲ့သည်။

အစိုးရအဖွဲ့

ရာထူး အမည် တာဝန်ထမ်းဆောင်ခြင်း
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၁ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၂


ပြည်ထဲရေးဝန်ကြီးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ၁ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၂


ပြည်ထဲရေး ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ၂ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၁


ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် ၂ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၁


ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်ဦး ၁ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၂


နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ၁ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၂


စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဦးဝင်းရှိန် ၁ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၂


ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး ၁ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၂


ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသန်း​အောင်​ကျော် ၇ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၆၆


အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ၁ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၂


ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင် ၁ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၂


ပြန်ကြားရေးဝန်ကြီး ဒုတိယဝန်ကြီး ဦးရဲတင့် ၇ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၆၆


ပြန်ကြားရေးဝန်ကြီး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ​ဇော်မင်းထွန်း ၇ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၆၆


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဦးကိုကို ၁ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၂


အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင် ၁ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၂


ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ၁ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၂


ကျန်းမာ​ရေးနှင့် အားကစား ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၇ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၆၆


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးခင်မောင်ရီ ၂ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၁


ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေလေး ၂ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၁


စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးတင်ထွဋ်ဦး ၂၃ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၀


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ၃ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၀


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူ​မော် ၇ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၆၆


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာပွင့်ဆန်း ၃ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၀


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ဦးညွန့်​အောင် ၇ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၆၆


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့် ၃ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၀


လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာသက်သက်ခိုင် ၄ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၆၉


ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦး​မောင်​မောင်အုန်း ၇ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၆၆


လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ​ဦး​အောင်သန်းဦး ၈ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၆၅


ပြည်ထောင်စုရှေ့နေချုပ် ​​​ဒေါက်တာသီတာဦး ၂ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၁


ကိုးကား

  1. Beech၊ Hannah။ "Myanmar’s Leader, Daw Aung San Suu Kyi, Is Detained Amid Coup"၊ The New York Times၊ 31 January 2021။