တပ်မတော်နေ့

ဝီကီပီးဒီးယား မှ

တပ်မတော်နေ့သည် နှစ်စဉ် မတ်လ(၂၇)ရက် ဖြစ်သည်။ တပ်မတော်၏ ကနဦးဖွဲ့တည်လာရာ သမိုင်းကြောင်းတွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးအား ရဟန်းရှင်လူပြည်သူများနှင့် စုပေါင်းညီညာစွာဆင်နွဲခဲ့ကြခြင်းသည် ဂုဏ်ယူဖွယ်ဖြစ်ရပ်တစ်ခုဖြစ်သည်။ ထိုစဉ်က ပါဝင်ဆင်နွဲခဲ့ကြသော တစ်ပြည်လုံးအတိုင်းအတာနှင့်ချီသည့် တော်လှန်ရေးသမားများအား ဂုဏ်ပြုသောအားဖြင့် တော်လှန်ရေး အတိအလင်းစတင်ရန်သတ်မှတ်ရက်စွဲ ၁၉၄၅ ခု မတ်လ ၂၇ အား ရည်မှန်းကာ တော်လှန်ရေးနေ့ကို သတ်မှတ်ကျင်းပလာခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မတ်လ ၂၇ ရက်နေ့ရောက်တိုင်း ဂုဏ်ပြုကျင်းပလာမြဲဖြစ်သော တော်လှန်ရေးနေ့ကို မူဝါဒ အသစ်များဖြည့်စွက်ပေါင်းစပ်ကာ တပ်မတော်နေ့ဟု အသွင်သစ်ဖြင့် ကျင်းပလာခြင်းဖြစ်သည်။