တင်ရီ၊ ကို (တယော)

ဝီကီပီးဒီးယား မှ
၁၄:၀၆၊ ၁၂ မတ် ၂၀၂၀ နေ့က Ninjastrikers (ဆွေးနွေး | ပံ့ပိုး) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
တယောကိုတင်ရီ
မွေးဖွားဦးတင်ရီ
(၁၉၄၂-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၁၀)ဇန်နဝါရီ ၁၀၊ ၁၉၄၂
ကွယ်လွန်မတ် ၆၊ ၂၀၂၀(၂၀၂၀-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၃"။-0၆) (အသက် ၇၈)
လူမျိုးဗမာ
ပညာရေးပန်တျာကျောင်းဆင်း
အိမ်ထောင်ဖက်(များ)ဒေါ်အေးအေးထိန်
မိဘ(များ)ဦးလှမြင့်+ဒေါ်တင်ညွှန့်

တယော ကိုတင်ရီ (၁၀ ဇန်နဝါရီ ၁၉၄၂–၆ မတ်၂၀၂၀) သည် မြန်မာနိုင်ငံသား ဂီတပညာရှင်ဖြစ်သည်။ မြန်မာပြည်၌ သံစုံတီးဝိုင်းဖြစ်ရေးကို ကြိုးပမ်းခဲ့သူ ဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

၁၉၄၂ ခု၊ ဇန်နဝါရီလ ၁၀ ရက်တွင် ဦးလှမြင့်၊ ဒေါ်တင်ညွှန့်တို့မှ မွေးသည်။ မွေးချင်း ၅ ဦး ရှိသည်။ နာရီပြင်ဆရာ မိဘမှ မွေးဖွားသော်လည်း ထူးထူးခြားခြား တေးဂီတကို ဝါသနာ ထုံသည်။

ကလေးအရွယ်တွင် မိဘ ၂ ပါးနှင့် အတူ ဓနုဖြူမှ ရန်ကုန်မြို့ ကပ္ပလီကွက်သစ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပြီး၊ မိဘ ၂ ပါးသည်လည်း ဆင်းဆင်းရဲရဲဖြင့် ကြုံရာကျပန်း လုပ်ကိုင် စားသောက် ခဲ့ကြရသည်။ ကလေး အရွယ်သာ ရှိသေးသော ကိုတင်ရီကိုလည်း ကျောင်းမထားနိုင်ဘဲ၊ သေစာ ရှင်စာ ဖတ်တတ်ရုံသာ ပညာ သင်ပေးနိုင်ခဲ့သည်။

ကိုတင်ရီလည်း ဆင်းရဲစွာ ရုန်းကန် နေရရှာသည့် မိဘ ၂ ပါး အခြေအနေကို မကြည့်ရက်သဖြင့်၊ ရန်ကုန်မြို့တွင် မြေပဲဆားလှော်၊ ပြောင်းဖူးပြုတ်တို့ကို လည်ရောင်းခဲ့ပြီး၊ ညနေပိုင်းထုတ် ကြယ်နီ သတင်းစာကိုလည်း မြို့ထဲ လိုက်လည် ရောင်းခဲ့ရသည်။

ဂီတဗီဇ ပါရှိသော ကိုတင်ရီသည် ရပ်ကွက် အတွင်းမှ မယ်ဒလင် ဆရာနောက် တကောက်ကောက် လိုက်ကာ မယ်ဒလင်တီး သင်ခဲ့သည်။ ထိုဆရာ၏ အကြံပေး တိုက်တွန်းမှုကြောင့် ၁၉၆ဝ ခုနှစ်၊ အသက် ၁၈ နှစ် အရွယ်တွင် ရန်ကုန် ပန်တျာကျောင်းသို့ တက်ရောက် ပညာ သင်ကြားခဲ့သည်။

ပန်တျာကျောင်းတွင် စတိုင်ပင် (ပညာသင် ထောက်ပံ့ကြေး) ၅ဝ ကျပ် ရရှိသဖြင့်၊ ကိုယ်ဝါသနာ ပါသော ဂီတ ပညာရပ်ကို သင်ယူနိုင်ခဲ့သလို၊ မိဘများကိုလည်း စတိုင်ပင်ကနေ ပြန်လည် ထောက်ပံ့ ပေးနိုင်ခဲ့သည်။

တယောကိုတင်ရီသည် ပန်တျာကျောင်း၌ တယော ဦးရှုမောင်၊ ဂီတာ ဦးစိမ်းမောင်၊ ရကန် ဦးတင်၊ မြန်မာညွှန့် ဦးချစ်မောင်၊ ဂီတသင်္ကတ ဦးစောသာထာ၊ အဆို ဦးဘသက် စသည့် ဆရာများထံတွင် ဂီတ ပညာရပ်များ ဆည်းပူ လေ့လာခဲ့သည်။

ပန်တျာ ဒုတိယနှစ် ပညာ သင်ကြားနေစဉ်၊ ကမ္ဘာအေး ပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ရာ တစ်နိုင်ငံလုံးတွင် ဒုတိယ ရရှိခဲ့ပြီး၊ တတိယနှစ်တွင် ကနေဒီကျွန်း စဖွင့်သည့် အထိမ်းအမှတ် ပြိုင်ပွဲသို့ ပထမဆု ဆွတ်ခူး ရရှိခဲ့သည်။

ကျောင်းပြီးနောက် ပထမဆုံးပွဲ အဖြစ် စန္ဒယားအောင်ကြီး၏ တီးဝိုင်းတွင် တယော လိုက်ထိုးခဲ့ရာ အနုပညာကြေး ငွေ အစိတ် ရရှိခဲ့သည်။ ကိုတင်ရီသည် ထိုအချိန်မှ စ၍ တယောပညာ သင်ကြားခြင်းနှင့် တီးခတ်ခြင်းတို့ ဖြင့်သာ ရပ်တည် အသက်မွေးတော့သည်။

သူ၏ အတွေ့အကြုံ ခံယူချက်နှင့် ပတ်သက်ပြီး၊ "အသက်အရွယ် အရ ဂီတကို ဒီလို သမ္ဘာနဲ့ ဖြတ်သန်းမှုအရ ပြောစရာ စကား အချို့တော့ ကျနော်မှာ ရှိပါတယ်။ မည်သည့် ပညာရပ် မဆို အတွေးအခေါ် ရှိတဲ့ လူက သာတယ်။ ကိုယ်လိုက်စားတဲ့ ပညာ အပေါ်မှာ အထင်ကြီး လေးစားရတယ်။ နောက်ကိုယ့်ရဲ့ ဗီဇက ဘယ်မှာ အားသာသလဲ။ ကိုယ့်ဗီဇရှိတဲ့ ပညာကို ကိုယ်လုပ်တာ အထွန်းကားနိုင်ဆုံးပဲ" ဟု ပြောကြား ခဲ့ဖူးသည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

ဒေါ်အေးအေးထိန်နှင့် အိမ်ထောင်ပြုကာ ကမာရွတ်မြို့နယ်၊ လှည်းတန်း ၁ လမ်း၌ နေထိုင်ခဲ့သည်။ [၁] သမီး တင်မေမျိုးကို ရသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၂၀ ပြည့်၊ မတ်လ ၆ ရက်တွင် စစ်ဆေးရုံ၌ ကွယ်လွန်သည်။ မကွယ်လွန်ခင် တောင်ဥက္ကာလာပမြို့နယ်၊ ၁၅ ရပ်ကွက်၊ မြင်သာဈေးအနောက် ၄ လမ်းတွင် နေထိုင်သွားခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၀၈ ဇူလိုင်လတွင် Club 18 Creative House မှ ပထမအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့တဲ့ 'သူတို့ ဒီနေရာကို ဘယ်လို ရောက်လာကြသလဲ၊ လှေကားထစ်များ ရာဇဝင်' စာအုပ်မှ

ပြင်ပလင့်များ[ပြင်ဆင်ရန်]