ညောင်လေးပင်မြို့နယ်

ဝီကီပီးဒီးယား မှ
ညောင်လေးပင်မြို့နယ်
မြို့နယ်
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်ပဲခူးခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ညောင်လေးပင်မြို့
လူဦးရေ (၂၀၁၄)[၁]၁၉၉,၄၈၃
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ညောင်လေးပင်မြို့နယ် သည် မြန်မာနိုင်ငံ၊ ၊ ပဲခူးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။[၂] ညောင်လေးပင်မြို့နယ်တွင် ညောင်လေးပင်မြို့မဒေါက်မြို့နှင့် ပြွန်တန်ဆာမြို့ပိန်းဇလုတ်မြို့ တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ညောင်လေးပင်မြို့ ဖြစ်သည်။ ညောင်လေးပင်မြို့နယ်သည် ပဲခူးတိုင်းအရှေ့ခြမ်း၏ အလယ်ဗဟိုအကျဆုံးနေရာတွင် တည်ရှိနေသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း၏ ပို့ဆောင်ဆက်သွယ်ရေးအချက်အချာမြို့ကြီးများစာရင်းတွင်ပါဝင်သည်။ ညောင်လေးပင်မြို့နယ်သည် ပဲခူးခရိုင်တွင် တတိယအကြီးဆုံးမြို့နယ်လည်းဖြစ်သည်။ ညောင်လေးပင်မြို့နယ်သည် အမှတ်(၁) ပြည်ထောင်စုအဝေးပြေးလမ်းမကြီး (ရန်ကုန်-တောင်ငူ-မန္တလေး အဝေးပြေးလမ်းမကြီး) မိုင်တိုင်အမှတ် (၈၈ မိုင်/၀ ဖာလုံ) မှ စတင်၍ မိုင်တိုင်အမှတ် (၁၀၉ မိုင်/၀ ဖာလုံ) အထိ ၂၁ မိုင် ပါဝင်သည်။ ညောင်လေးပင်မြို့နယ်၏ မြောက်ဘက်တွင် ကျောက်တံခါးမြို့နယ်(ညောင်လေးပင်အနောက်မြို့နယ်)၊ အရှေ့ဘက်တွင် ရွှေကျင်မြို့နယ်၊ အနောက်ဘက်နှင့် တောင်ဘက်တွင် ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်တို့ဖြင့် ဝန်းရံထားသည်။ အရှေ့ဘက် ၁၅ မိုင်ခန့်တွင် ရှမ်းရိုးမတောင်တန်းများ၊ အနောက်ဘက်တွင် ပဲခူးရိုးမတောင်တန်းများ တည်ရှိသည်။

ဒေသသမိုင်းအကျဉ်း

ညောင်လေးပင်မြို့ကို မည်သူမည်ဝါ တည်ထောင်ခဲ့သည်ဟု ခိုင်လုံ သောအထောက်အထားမရရှိသေးပါ။ရှေးအစဉ်အဆက်စကားအရ ဥသြ ငှက်ညောင်ပင်စိုက်ထို၌မြို့ရွာတည်လတ္တံဟု တစ်ဘောင်တစ်ခုရှိခဲ့သဖြင့် ၁၁၁၇ခုနှစ်၌ မြို့ရွာတည်ခဲ့သည်ဟု ယူဆရပါသည်။ ညောင်လေးပင်မြို့ တည်သောနှစ်သည်ကုန်းဘောင်ခေတ်ထက်(၂)နှစ်ခန့်နောက်ကျတည်ခဲ့ကြောင်း မြို့နယ်သမိုင်းလေ့လာရေးပုဂ္ဂိုလ်များက အဆိုရှိပါသည်။ ညောင်လေး ပင်မြို့မှအရှေ့ဘက် (၄)မိုင်အကွာရှိ ပုဇွန်မြောင်းရွာအနီး အရှေ့အရပ်၌တည်ထားသော ရှေးဟောင်းစေတီမှရရှိသည့် ရတနာ ခေတ်ဟောင်း ဒေါင်းဒင်္ဂါးများတွေ့ရှိခဲ့မှုအရ ၎င်းစေတီ(၃)ဆူကို တည်ထားသော ဘိုးတော်တပ်မှူးမှာ မင်းတုန်းမင်း၏တပ်မှူးတစ် ဦးဖြစ်ခြင်း၊ မြင်းကွန်းမြင်းခုံတိုင်ညီနောင်ကို နှိမ်နှင်းရန်စေလွှတ်ရာမှ ပျဉ်းမနားတွင် မင်းသားညီနောင်နှင့်တွေ့ဆုံပြီး သစ္စာရေသောက် လိုက်ရသဖြင့် နေပြည်တော်သို့မပြန်ဝံ့ဘဲ အောက်ပြည်အောက်ရွာသို့ တိမ်းရှောင်ရင်း ညောင်လေးပင်မြို့၊ ပုဇွန်မြောင်းရွာသို့ရောက်ရှိကြောင်း အမှတ်အသားရှိပါသည်။သမိုင်းပညာရှင်အချို့ကလည်း အနောက်ဘက် လွန်မင်းပေါ်တူကီ၊ငဇင်ကာနှင့်နတ်ရှင်နောင်တို့ကိုနှိမ်နှင်းရန် တောင်ငူ မှသန်လျင်သို့ ချီတက်ရာတွင် မိုးကျသဖြင့် ပုဇွန်မြောင်းအရပ်တွင် ရိက္ခာဖြည့်တင်း ခဲ့ကြောင်း၊ စစ်သားအချို့ကျန်ရစ်ခဲ့ပြီး အညာဒေသမှ အိုးလုပ်သောအတတ်ဖြင့် အသက်မွေးဝမ်းကြောင်းပြု လုပ်ခဲ့ကြသဖြင့် ယခုတိုင်ပုဇွန်မြောင်းအိုးသည် နာမည်ကြီးဖြစ်၍ အင်းဝခေတ်နောက် ပိုင်း၌ တည်သည်ဟုယူဆ နိုင်သည့်အပြင် ယခုတော်ဝိကျေးရွာ ရန်ကုန် - မန္တလေးကားလမ်းအနီး မင်းရဲလှကင်းတပ်မြို့၊ ဟံသာဝတီ ကင်းတပ် မြို့(၃၂)မြို့အပါအဝင် အမှတ်အသားများကျန်ရှိသဖြင့် ဟံသာဝတီခေတ် တွင် ညောင်လေးပင်ဟူ၍ မပေါ်ပေါက်သေးကြောင်း ယူဆရပါသည်။ ညောင်လေးပင်မြို့သည် (၁၉၁၁)ခုနှစ်၊ မြို့ပြဥပဒေပုဒ်မ၄အရ မြို့အဖြစ် သို့ရောက်ရှိခဲ့ပြီး ထိုစဉ်က(၁)ဘုရားကြီးရပ်၊ (၂)စျေးပိုင်းရပ်၊ (၃)လမ်း သစ်ရပ်၊ (၄)မြို့ပတ်ရပ်၊ (၅)ရွာမ တောင်အရပ်၊ (၆)ရွာမမြောက်အရပ်၊ (၇)ဗိုလ်ချုပ်ရပ်၊ (၈)ရွာမအနောက်အရပ်ဟူ၍ ရပ်ကွက်(၈)ခု ဖွဲ့စည်း ခဲ့ပြီး (၃၁-၁၀-၁၉၇၂)ရက်နေ့တွင် ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ (၁၀၇၄)အရ ညောင်လေးပင်မြို့ကို ရပ်ကွက် (၁/၂/၃/၄/၅)ဟူ၍ ဖွဲ့စည်းခဲ့ပါသည်။

တည်နေရာနှင့်အကျယ်အဝန်း

ညောင်လေးပင်မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၆ဒီဂရီ ၅၉ မိနစ်နှင့် ၁၈ဒီဂရီ ၁၂မိနစ်၊ အရှေ့လောင် ဂျီတွဒ် ၉၆ဒီဂရီ ၃၆မိနစ်နှင့် ၉၆ဒီဂရီ ၅၃မိနစ်တွင်တည်ရှိပါသည်။ အရှေ့မှအနောက်သို့(၂၁)မိုင်နှင့် တောင်မှ မြောက်သို့(၂၀)မိုင် ရှည်လျားပါသည်။ညောင်လေးပင်မြို့ နယ်နှင့် မြို့တို့၏ဧရိယာစတုရန်းမိုင်မှာ

ညောင်လေးပင်မြို့- ၂.၀၁၄
ပြွန်တန်ဆာမြို့- ၀.၅၈၅
မဒေါက်မြို့- ၀.၅၃၁
ပိန်းဇလုပ်မြို့- ၀.၆၉၀
မြို့ဧရိယာစတုရန်းမိုင် ၁၀.၀၃မိုင်၊ ကျေးရွာအုပ်စုဧရိယာ စတုရန်းမိုင် ၂၇၂.၈၁မိုင်၊ မြို့နယ်ဧရိယာစတုရန်းမိုင် ၂၈၂.၈၄မိုင် တို့ဖြစ်ပါသည်။

ပညာရေး

ညောင်လေးပင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းများ၊ အခြေခံပညာမူလတန်းကျောင်း များစွာ ရှိသည်။ ထင်ရှားသော အခြေခံပညာအထက်တန်းကျောင်းများမှာ-

  1. အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ညောင်လေးပင်မြို့
  2. အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ညောင်လေးပင်မြို့
  3. အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပြွန်တန်ဆာမြို့
  4. အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပြွန်တန်ဆာမြို့
  5. လင်းရောင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပြွန်တန်ဆာမြို့ (တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီး၏ အောင်ချက်အကောင်းဆုံးကျောင်းများစာရင်းဝင်)

အခြေခံပညာအထကကျောင်းများ

စဉ်၊ကျောင်းအမည်၊တည်နေရာ

  1. အထက(၁) ညောင်လေးပင် (မြို့မ(၂) ညောင်လေးပင်)
  2. အထက(၂) ညောင်လေးပင် (မြို့မ(၅) ညောင်လေးပင်)
  3. အထက(၁) ပြွန်တန်ဆာ( မြို့မ(၄) ပြွန်တန်ဆာ)
  4. အထက(၂)ပြွန်တန်ဆာ (မြို့မ(၃) ပြွန်တန်ဆာ)
  5. အထက (ပုဇွန်မြောင်း) (ဆွဲဒလွဲကျေးရွာ အုပ်စု)
  6. အထက (မဒေါက်) (မြို့မ(၁)မဒေါက်)
  7. အထက (ပိန်းဇလုပ်) (မြို့မ(၂) ပိန်းဇလုပ်)
  8. အထက (ကျောင်းရွာ) (ဂျောင်းတာ ကျေးရွာအုပ်စု)
  9. အထက (ဇီးကုန်းကြီး) (ဇီးကုန်းကြီး ကျေးရွာအုပ်စု)
  10. အထကတော်ဝိ (တော်ဝိ ကျေးရွာအုပ်စု)
  11. အထကချောင်းရင်း (ချောင်းရင်း ကျေးရွာအုပ်စု)
  12. အထကပြင်ရေကြီး (ပြင်ရေကြီး ကျေးရွာအုပ်စု)
  13. အထကရေတွင်းကုန်း (ရေတွင်းကုန်းကျေးရွာအုပ်စု)

အထကခွဲကျောင်းများ

စဉ်၊ကျောင်းအမည်၊တည်နေရာ

  1. အထက(ခွဲ) ညောင်လေးပင် (မြို့မ(၁) ညောင်လေးပင်)
  2. အထက(ခွဲ) အောင်းကြီး (လှည်းဆိပ် ကျေးရွာအုပ်စု)
  3. အထက(ခွဲ) သံတံတား (သံတံတား ကျေးရွာအုပ်စု)
  4. အထက(ခွဲ) ငါးပြေမ (ဂျို့ပင် ကျေးရွာအုပ်စု)
  5. အထက(ခွဲ) စျေးပိုင်း (မြို့မ(၂) မဒေါက်)
  6. အထက(ခွဲ) ဘိုင်းဒါး (မြို့မ(၂) မဒေါက်)
  7. အထက(ခွဲ) ကဒါး (လှည်းဆိပ် ကျေးရွာအုပ်စု)

အလက ကျောင်းများ

(၁၃)ကျောင်းရှိပါသည်။

အလက(ခွဲ)ကျောင်းများ

(၂၃)ကျောင်းရှိပါသည်။

မူလတန်းလွန်ကျောင်းများ

(၁၆၉)ကျောင်းရှိပါသည်။

အမကကျောင်းများ (၁၀)ကျောင်းရှိပါသည်။


ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

(၄)ကျောင်းရှိပါသည်။

ကျန်းမာရေး

ညောင်လေးပင်မြို့နယ်တွင် ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများပေါများသောကြောင့် ပဲခူးတိုင်းဒေသကြီး(အရှေ့) တွင် ပဲခူးမြို့နယ် တောင်ငူမြို့နယ် တို့ပြီးရင် တတိယ ကျန်းမာရေးအဆင့်အတန်းအမြင့်မားဆုံးမြို့နယ်ဖြစ်ပါသည်။

  1. ညောင်လေးပင်ပြည်သူ့ဆေးရုံ၊ ညောင်လေးပင်မြို့
  2. ပြွန်တန်ဆာတိုက်နယ်ဆေးရုံ၊ ပြွန်တန်ဆာမြို့
  3. ပိန်းဇလုတ်တိုက်နယ်ဆေးရုံ၊ ပိန်းဇလုတ်မြို့
  4. မဒေါက်တိုက်နယ်ဆေးရုံ၊ မဒေါက်မြို့
  5. ရွှေရည်လင်းအထူးကုဆေးရုံကြီး၊ ညောင်လေးပင်မြို့
  6. ဝင်းအထူးကုဆေးရုံကြီး၊ ညောင်လေးပင်မြို့
  7. သီတဂူစက္ခုဒါနမျက်စိဆေးရုံကြီး၊ ညောင်လေးပင်မြို့
  8. ဇီဝိတဒါနသံဃာ့ဆေးရုံ၊ ညောင်လေးပင်မြို့

ညောင်လေးပင်မြို့နယ်တွင် ပါဝင်သည့် မြို့များ

  1. ညောင်လေးပင်မြို့ (Nyaung Lay Pin)
  2. ပြွန်တန်ဆာမြို့ (Pyuntsa)
  3. မဒေါက်မြို့ (Madauk)
  4. ပိန်းဇလုတ်မြို့ (Pain Za Loke)

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၁၆။
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)