ဆန်မာရီနိုနိုင်ငံ

ဝီကီပီးဒီးယား မှ
ဆန်မာရီနို သမ္မတနိုင်ငံ
Repubblica di San Marino
ဆန်မာရီနိုနိုင်ငံ၏ အလံတော်
အလံတော်
ဆန်မာရီနိုနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: Freedom
နိုင်ငံတော် သီချင်း: National Anthem of the Republic
ဆန်မာရီနိုနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ဆန်မာရီနိုမြို့တော်
ရုံးသုံး ဘာသာစကားများအီတလီ
အမျိုးအစားပါလီမန်သမ္မတနိုင်ငံ
အစိုးရ
• ကပ္ပတိန် ရီဂျင့်များ
Maria Luisa Berti
Filippo Tamagnini
တည်ထောင်
• လွတ်လပ်ရေး (ရောမအင်ပိုင်ယာမှ)
စက်တင်ဘာ ၃၊ ၃၀၁
• ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
အောက်တိုဘာ ၈၊ ၁၆၀၀
ဧရိယာ
• စုစုပေါင်း
၆၁.၂ km2( ၂၄ စတုရန်းမိုင်)
• ရေထု (%)
လူဦးရေ
• ခန့်မှန်း
၃၁,၉၁၈ (အဆင့် - ၁၉၀)
• သိပ်သည်းမှု
၅၀၁/km² (၁၂၉၇.၆/sq mi)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၁.၁၇ ဘီလီယံ (အဆင့် - ၁၇၇)
• Per capita
$၃၅,၉၂၈ (အဆင့် - ၂၄)
ငွေကြေးယူရို
တယ်လီဖုန်းကုဒ်+၃၇၈
Internet TLD.sm


ဆန်မာရီနိုနိုင်ငံသည် အီတလီကျွန်းဆွယ်၌ ဒေဒြီယက် တစ် ပင်လယ်ကမ်းခြေအနီး အီတလီပိုင် ရီမီနီမြို့နှင့် မဝေး ကွာလှပေ။ စတုရန်းမိုင် ၃၈ မိုင်မျှသာ ကျယ်ဝန်းလျက်၊ ကမ္ဘာ ပေါ်တွင် အသေးငယ်ဆုံးသော သမ္မတနိုင်ငံ တစ်နိုင်ငံဖြစ်၏။ ထိုသို့အရွယ်အားဖြင့် သေးငယ်သော်လည်း၊ ဥရောပတိုက်၌ ရှေးအကျဆုံး နိုင်ငံတစ်ခုဖြစ်သည်ဟု ဆို၏။ ၁၈၉၇ ခုနှစ်တွင် အီတလီနိုင်ငံနှင့် ချစ်ကြည်ရေး စာချုပ်ချုပ်ခဲ့၍၊ ၁၉၅၃ ခုနှစ် တွင် တစ်ကြိမ်ထပ်မံ ချုပ်ဆိုခဲ့သည်။ ယင်းနိုင်ငံ၏ လူဦးရေမှာ ၁၉၅၃ ခုနှစ်တွင် ၁၃၅ဝဝ ယောက်ဖြစ်သည်။

ထိုနိုင်ငံကို ၄ ရာစုနှစ်တွင် တည်ထောင်ခဲ့သည်ဟု အဆို ရှိ၏။ ၁၆၃၁ ခုနှစ်တွင် ရောမရဟန်းမင်း အဋ္ဌမအာဗန်က လွတ်လပ်သော တိုင်းပြည်အဖြစ်ဖြင့် အသိအမှတ်ပြုခဲ့၏။ ထို နိုင်ငံ၏ မြို့တော်မှာ ဆန်မာရီ နိုမြို့ဖြစ်သည်။ တောင်တန်း တစ်ခု၏ တောင်စောင်းတွင် မြို့တည်ထားသည်။ ဆန်မာရီနိုမြို့ရှိ ကောက်ကွေ့၍ မညီမညာရှိသော ရှေးလမ်းငယ်ကလေး များမှာ အလွန်ပင်ကျဉ်းမြောင်းလှသဖြင့် အများအားဖြင့် ယာဉ်များ၊ ရထားများပင် သွား၍မဖြစ်နိုင်ချေ။ လမ်းဘေးရှိ ကျောက်ဖြင့် ဆောက်လုပ်ထားသော လူနေအိမ်များမှာလည်း ယိုင်နေသဖြင့် လမ်းပေါ်သို့ပြို၍ ကျမည်ကိုပင် အထူးစိုးရိမ်ရ တော့၏။ ဆန်မာရီနိုမြို့၏ လူဦးရေမှာ ၄ဝဝဝ ခန့်ရှိသည်။ ဘဏ္ဍာရေးအတွက် အစိုးရက စာပို့တိုက်တံဆိပ်တော်အခွန်များ စည်းကြပ်ကောက်ခံ၏။ တိုင်းသူပြည်သားမှာ အီတလီတို့နှင့် သွေးနီးစပ်သူများဖြစ်ကြသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)