စဉ့်ကွင်း

ဝီကီပီးဒီးယား မှ
၀၅:၀၆၊ ၂၆ အောက်တိုဘာ ၂၀၁၉ နေ့က Mayor mt (ဆွေးနွေး | ပံ့ပိုး) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
ရုပ်ကြွ စဉ့်ကွင်း

စဉ့်ကွင်းဆိုသည်မှာ စဉ့်ရည်သုတ်ထားသော ရုပ်ကြွအုတ်ချပ်များကို ခေါ်ဆိုသည်။ စဉ့်ကွင်းပေါ်တွင် ရေးထိုးထားသော စာများကို စဉ့်ကွင်းစာ ဟုခေါ်သည်။ ပုဂံခေတ်၌ ကုသိုလ်ရှင် အချို့သည် မိမိတို့ကောင်းမှု စေတီပုထိုးများကို ဇာတ်နိပါတ် သရုပ်ဖော်ရုပ်လုံးရုပ်ကြွ အုတ်ချပ်များ (စဉ့်ကွင်းများ)ဖြင့် ပတ်ပတ်လည် စီခြယ်ပူဇော်ခဲ့ကြသည်။

အာနန္ဒါဘုရား၊ အထက်စတုတ္ထပစ္စယံရှိ မဟော်သဓာဇာတ်တော်မှ ကျေးစေခန်း စဉ့်ကွက်ပုံ (ဇာတ်ကွက်အမှတ် ၆၄၇ မှ ၇၄၀ အထိ)