စစ်အာဏာရှင်စနစ်

ဝီကီပီးဒီးယား မှ

စစ်အာဏာရှင်စနစ် ဆိုသည်မှာ တိုင်းပြည်၏နိုင်ငံရေးဆိုင်ရာများကို စစ်တပ်မှ အာဏာဖြင့်ကိုယ်တိုင်ချုပ်ကိုင်သော စစ်အစိုးရနှင့် အာဏာရှင်စနစ်တစ်မျိုးဖြစ်ပါသည်။ ထိုစနစ်၏အာဏာရှင်မှာ ရာထူးကြီးသောဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ ထိုစနစ်၏ဆန့်ကျင်ဖက်မှာ ပြည်သူများက စစ်ရေးရာကို ချုပ်ကိုင်ထားခြင်းဖြစ်သည်။

တစ်ခါတစ်ရံတွင် စစ်အာဏာရှင်စနစ်ကို ခါကီစတိုကရေစီ (khakistocracy) ဟုခေါ်ဆိုကြပါသည်။[၁][၂][၃] ထိုစကားလုံးသည် ကာကီစတိုကရေစီ (kakistocracy) ခေါ် အရည်အချင်းမပြည့်သူများက အုပ်ချုပ်ခြင်းနှင့် ကာကီ (ခါကီ) (khaki) ခေါ် စစ်သားများဝတ်ဆင်သောအရောင် ဟူသောစကားလုံးတို့ကို ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည်။

ဖြစ်ပေါ်လာပုံ

စစ်အာဏာရှင်စနစ်သည် "coup d'état" ခေါ် အစိုးရကိုဖြုတ်ချခြင်းမှ ဖြစ်ပေါ်လာသည်။ တစ်ခါတစ်ရံတွင် အရပ်သားအစိုးရရှိလျက်နှင့်ပင် စစ်တပ်ကိုယ်တိုင်အုပ်ချုပ်မှုများလည်း ရှိနိုင်ပါသည်။ ထိုကဲ့သို့သောအခြေအနေများတွင် အစိုးရသည် စစ်တပ်၏အလိုကိုလိုက်ပေးရခြင်း သို့မဟုတ် အစိုးရ၏အာဏာမှေးမှိန်ခြင်းတို့ဖြစ်တတ်ပါသည်။ သာဓကအားဖြင့် ပထမကမ္ဘာစစ်ကာလ ဂျာမန်အင်ပါယာတွင် ဂျာမန်စစ်ဗိုလ်ချုပ်များသည် ဘုရင် ဝီလ်ဟမ် (Kaiser Wilhelm II) ထက်ပင် အာဏာပို၍ကြီးမားလာခဲ့ပါသည်။ ၁၉၃၁ နောက်ပိုင်း ဂျပန်အင်ပါယာတွင်လည်း စစ်တပ်သည်အစိုးရအားဖြုတ်ချမှုမရှိသော်လည်း ဗီတိုအာဏာကိုအသုံးပြုနိုင်ခဲ့ပါသည်။

စစ်အာဏာရှင်များသည် အရပ်သားအစိုးရကို ပြန်လည်ဖွဲ့စည်းပေးသော်လည်း အစိုးရ၏အကြီးအကဲအဖြစ် ဆက်လက်လုပ်ဆောင်ကြပါသည်။ ပါကစ္စတန်နိုင်ငံ၏ ဗိုလ်ချုပ်များဖြစ်ကြသော Muhammad Zia-ul-Haq (၁၉၇၇–၁၉၈၈) နှင့် Pervez Musharraf (၁၉၉၉–၂၀၀၈) တို့သည် မိမိ၏သမ္မတရာထူးကို တိုးချဲ့နိုင်ကြပါသည်။

အကြောင်းပြုခြင်း

စစ်အာဏာရှင်အစိုးရများသည် ထိုသို့အုပ်ချုပ်ရကြောင်းကို နိုင်ငံတော်တည်ငြိမ်စေလိုခြင်း၊ ပြည်သူများအတွက် အန္တရာယ်ရှိသောဝါဒများမှ ကာကွယ်စေလိုခြင်း စသည်တို့ကိုအကြောင်းပြုကြပါသည်။ စစ်အာဏာရှင်များအားလုံးသည် နိုင်ငံတော်၏အရေးပေါ်အခြေအနေတွင် Martial law ခေါ် စစ်တပ်မှခေတ္တအုပ်ချုပ်ခြင်းကို အကြောင်းပြုပြီးအာဏာသိမ်းခဲ့ကြသည်။

ဘုရင်စနစ်ဖြင့်နှိုင်းယှဉ်ခြင်း

စစ်အာဏာရှင်စနစ်နှင့် ဘုရင်စနစ်တို့မှာ ဆင်တူမှုများရှိပါသည်။ စနစ်နှစ်ခုလုံး၏ခေါင်းဆောင်များမှာ စစ်ဖက်ရေးရာတွင် အတွေ့အကြုံရှိကြသူများ သို့မဟုတ် စစ်တပ်၏ဦးဆောင်သူများ ဖြစ်ကြပါသည်။ ထို့အပြင် နောက်ဆက်ခံမည့်သူများကိုလည်း စစ်ပညာကိုသင်ကြားစေပါသည်။

အဓိကကွာခြားချက်မှာ ‌ဘုရင်စနစ်တွင် မိမိ၏သားများကို နောက်ဆက်ခံမည်သူအဖြစ် တင်မြှောက်နိုင်သည်။ စစ်အာဏာရှင်စနစ်တွင်မူ ထိုကဲ့သို့တင်မြောက်နိုင်စွမ်းမရှိပေ။ ထိုကဲ့သို့မြှောက်တင်ပါကလည်း အာဏာမှာမှေးမှိန်လာခဲ့လေသည်။ သာဓကအားဖြင့် နပိုလီယန်သည် ပြင်သစ်အစိုးရကိုဖြုတ်ချပြီးနောက် ပြင်သစ်နိုင်ငံ၏ဘုရင်အဖြစ်ခံယူလေသည်။ သို့သော် ပြင်သစ်ဘုရင်စနစ်ထောက်ခံသူများနှင့် ဥရောပဘုရင်များသည် နပိုလီယန်ကိုဘုရင်အဖြစ် အသိအမှတ်ပြုခြင်းမရှိခဲ့ပေ။

လက်ရှိစစ်အာဏာရှင်နိုင်ငံများ

နိုင်ငံများ ယခင်အစိုးရ ရက်စွဲ ဖြစ်ရပ်
 ဆူဒန် Federal dominant-party presidential republic ၁၁ ဧပြီ ၂၀၁၉ 2019 Sudanese coup d'état
 မာလီ Unitary Semi-presidential republic ၁၉ ဩဂုတ် ၂၀၂၀ 2020 Malian coup d'état
 မြန်မာ Unitary assembly-independent constitutional republic ၁ ဖေဖော်ဝါရီ ၂၀၂၁ ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း

ယခင်စစ်အာဏာရှင်နိုင်ငံများ

အာဖရိက

အီသီယိုးပီးယား စစ်အာဏာရှင်များ- Mengistu Haile Mariam၊ Aman Mikael Andom နှင့် Atnafu Abate
  1.  အယ်လ်ဂျီးရီးယား (1965–1976; 1992–1994; 2019)
  2.  ဘီနင် (1963–1964; 1965–1968; 1969–1970; 1972–1975)
  3.  ဘာကီးနားဖားဆို (1966–1980; 1980–1982; 1982–1983; 1983–1987; 1987–2014)
  4.  ဘူရွန်ဒီ (1966–1974; 1976–1979; 1987–1992)
  5.  ဗဟိုအာဖရိကသမ္မတနိုင်ငံ (1966–1979; 1981–1986; 2003–2005; 2013–2014)
  6.  ချဒ် (1975–1979; 1982–1990)
  7. Ciskei (1990–1994)
  8.  ကိုမိုရို (1999–2002)
  9. ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (1965–1997)
  10.  ကွန်ဂို (1968–1969; 1977–1979)
  11.  အိုင်ဗရီကို့စ် (1999–2000)
  12.  အီဂျစ် (1953–1956; 1981–2011; 2011–2012; 2013–2015)
  13.  အီကွေတာဂီနီ (1979–1992)
  14.  အီသီယိုးပီးယား (1974–1991)
    Zairean President Mobutu Sese Seko
  15.  ဂမ်ဘီယာ (1994–1996)
  16.  ဂါနာ (1966–1969; 1972–1975; 1975–1979; 1981–1993)
  17.  ဂီနီ (1984–1990; 2008–2010)
  18.  ဂီနီ-ဘီစော (1980–1984; 1999; 2003; 2012)
  19.  လီဆိုသို (1986–1991; 1991-1993; 2014)
  20.  လိုက်ဘေးရီးယား (1980–1986; 1990–1994; 1994-1995; 1995-1996; 1996-1997; 2003–2006)
  21.  လစ်ဗျား (1969–1977)
  22.  မဒါဂတ်စကား (1972–1975)
  23.  မာလီ (1968–1991; 1991-1992; 2012; 2020; 2020–present)
  24.  မော်ရီတေးနီးယား (1978–1979; 1979–1992; 2005–2007; 2008–2009)
  25.  နိုင်ဂျာ (1974–1987; 1987-1989; 1996; 1999; 2010–2011)
  26.  နိုင်ဂျီးရီးယား (1966–1979; 1983–1999)
  27.  ရဝမ်ဒါ (1973–1975)
  28.  ဆောင်တူမေးနှင့် ပရင်စီပီ (1995; 2003)
  29.  ဆီရာလီယွန် (1967–1968; 1992; 1992–1996; 1996; 1997–1998)
  30.  ဆိုမာလီယာ (1969–1991)
  31.  ဆူဒန် (1958–1964; 1969–1971; 1985–1986; 1989–1993; 2019-present)
  32.  တိုဂို (1967–1979)
  33. Transkei (1987–1994)
  34.  တူနီးရှား (1987–2011)
  35.  ယူဂန်းဒါး (1971–1979; 1985; 1985–1986)
  36. Venda (1990–1994; 1994)
  37.  ဇင်ဘာဘွေ (2017–2018)

အမေရိက

Augusto Pinochet၊ ချီလီနိုင်ငံကို ၁၉၇၃ မှ ၁၉၉၀ အထိ အုပ်ချုပ်ခဲ့သူ
  1.  အာဂျင်တီးနား (1835–1852; 1930–1932; 1943–1946; 1955–1958; 1966–1973; 1976–1983)
  2.  ဘိုလီးဗီးယား (1839–1843; 1848; 1857–1861; 1861; 1864–1871; 1876–1879; 1899; 1920–1921; 1930–1931; 1936–1940; 1943–1946; 1951–1952; 1964–1969; 1969–1979; 1980–1982)
  3.  ဘရာဇီး (1889–1894; 1930; 1964–1985)
  4.  ချီလီ (1924–1925; 1925; 1927–1931; 1932; 1973–1990)
  5.  ကိုလံဘီယာ (1854; 1953–1958)
  6.  ကော့စတာရီကာ (1868–1870; 1876–1882; 1917–1919)
  7.  ကျူးဘား (1933; 1952–1959)
  8.  ဒိုမီနီကန်သမ္မတနိုင်ငံ (1899; 1930–1961; 1963–1966)
  9.  အီကွေဒေါ (1876–1883; 1935–1938; 1947; 1963–1966; 1972–1979; 2000)
  10.  အယ်ဆာဗေဒို (1885–1911; 1931–1979; 1979–1982)
  11.  ဂွါတီမာလာ (1931–1944; 1944–1945; 1954–1957; 1957–1966; 1970–1986)
  12.  ဂရီနေဒါ (1983)
  13.  ဟေတီ (1950–1956; 1956–1957; 1986–1990; 1991–1994)
  14.  ဟွန်ဒူးရပ်စ် (1933–1949; 1956–1957; 1963–1971; 1972–1982; 2009–2010)
  15.  မက္ကဆီကို (1821–1822; 1835–1846; 1876–1880; 1884–1911; 1913–1914; 1964–1982)
  16.  နီကာရာဂွါ (1937–1979; 1979–1985)
  17.  ပနားမား (1903–1904; 1968–1989)
  18.  ပါရာဂွေး (1940–1948; 1954–1989)
  19.  ပီရူး (1842–1844; 1865–1867; 1872; 1879–1881; 1914–1915; 1930–1939; 1948–1956; 1962–1963; 1968–1980; 1992–2000)
  20.  ဆူရာနမ် (1980–1991)
  21.  ဥရုဂွေး (1865–1868; 1876–1879; 1933–1938; 1973–1985)
  22.  ဗင်နီဇွဲလား (1858–1859; 1859–1861; 1861–1863; 1908–1935; 1948–1958)

အာရှ

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (၂၀၁၄)
တရုတ်အမျိုးသားရေးခေါင်းဆောင် ချန်ကေရှိတ် (၁၉၄၀)
အင်ဒိုနီးရှားသမ္မတ ဆူဟာတို (၁၉၉၃)
  1. အာဖဂန်နစ္စတန်နိုင်ငံ အာဖဂန်နစ္စတန် (1978)
  2.  မြန်မာ (၁၉၆၂- ၁၉၈၈၁၉၈၈- ၂၀၁၁၂၀၂၁- လက်ရှိ)
  3. ခမာသမ္မတနိုင်ငံ ကမ္ဘောဒီးယား (1970–1975)
  4.  ထိုင်ဝမ် (1928–1975)
  5.  အင်ဒိုနီးရှား (1967–1998)
  6. အီရန်နိုင်ငံ အီရန် (1953–1957; 1978–1979)
  7.  အီရတ် (1933–1934; 1937–1938; 1934-1935; 1949-1950 1936; 1941; 1952–1953; 1958–1963; 1963–1968; 1968–1979)
  8. ဂျပန်နိုင်ငံ ဂျပန် (1185–1868;[၄] 1931-1940; 1940–1945[၅])
  9. မြောက်ကိုရီးယား (1170–1270)
  10.  တောင်ကိုရီးယား (1170–1270; 1961–1963; 1963-1972; 1981–1987)
  11. လာအိုနိုင်ငံ လာအို (1959–1960)
  12.  လက်ဘနွန် (1988–1990)
  13.  မော်လဒိုက် (1988–1989)
  14. မွန်ဂိုးလီးယားနိုင်ငံ မွန်ဂိုးလီယား (1939–1952)
  15.  ပါကစ္စတန် (1958–1969; 1969–1971; 1977–1988; 1999–2008)
  16. ဖိလစ်ပိုင်နိုင်ငံ ဖိလစ်ပိုင် (1898, 1972–1981)
  17.  ဆီးရီးယား (1949; 1951–1953; 1953-1954; 1961–1963; 1963; 1963-1966; 1966-1970; 1970–2000)
  18.  ထိုင်း (1933; 1947–1957; 1959–1963; 1963–1973; 1977–1979; 2006–2008; 2014–2019)
  19.  တောင်ဗီယက်နမ် (1963-1967)
  20. မြောက်ယီမန် (1962–1967; 1974–1977; 1977–1978; 1978; 1978–1982)

ဥရောပ

စပိန်ခေါင်းဆောင် ဖရန်စစ္စကို ဖရန်ကို (၁၉၇၅)
  1. ဘူဂေးရီးယား (1923–1926; 1934–1935; 1944–1946)
  2.  ဆိုက်ပရပ်စ် (1974)
  3. ယူနိုက်တက်ကင်းဒမ်းနိုင်ငံ ယူနိုက်တက်ကင်််းဒမ််း (1653–1659)
  4.  ပြင်သစ် (1799–1814; 1852–1870; 1870–1871; 1940-1942)
  5.  ဂျော်ဂျီယာ (1992)
  6.  ဂျာမန်အင်ပါယာ (1916–1918; 1945)
  7.  ဂရိ (1925–1926; 1936–1941; 1967–1974)
  8.  ပိုလန် (1926–1935; 1981–1983)
  9.  ပေါ်တူဂီ (1926–1933; 1974–1975)
  10.  ရိုမေးနီးယား (1941–1944)
  11.  အီတလီ (1922–1943; 1943–1945)
  12.  ရုရှား (1918–1920; 1991)
  13.  ဆန်မာရီနိုနိုင်ငံ (1957)
  14.  စပိန် (1808–1810; 1923–1930; 1936–1975)
  15.  တူရကီ (1913–1918; 1921–1927; 1960–1961; 1971-1973; 1980–1983; 1997-1999)

အိုရှင်းနီးယား

  1.  ဖီဂျီ (၁၉၈၇-၁၉၉၉၊ ၂၀၀၆-၂၀၁၄)

ကိုးကားချက်များ

  1. Dave Gilson။ "Freed from a prison of thought in Nigeria"၊ SFGate၊ 2003-02-02။ 
  2. Ikhenemho Okomilo။ "Another October, More Khakistocracy"၊ Nigerians in America၊ 2005-06-10။ 
  3. temporal။ "Khakistocracy: Military-Industrial-Feudal Complex in Pakistan"၊ Desicritics၊ 2007-08-07။ 
  4. ShogunateEncyclopædia Britannica, Inc.။ June 13, 2020 တွင် ပြန်စစ်ပြီး။ “The shogunate was the hereditary military dictatorship of Japan (1192–1867).”
  5. Soucy၊ Robert။ fascism | Definition, Characteristics, & HistoryEncyclopædia Britannica, Inc.။ October 21, 2020 တွင် ပြန်စစ်ပြီး။ “Fascist parties and movements came to power in several countries between 1922 and 1945: [...] and the military dictatorship of Admiral Tojo Hideki in Japan.”