စစ်ငြိမ်းအေး

ဝီကီပီးဒီးယား မှ
စစ်ငြိမ်းအေး

စစ်ငြိမ်းအေး ကို အဖ ဦးထွန်းဖေ၊ အမိ ဒေါ်သန်းဆွေတို့က ၁၉၅၆ ခု၊ ဧပြီ ၂၄ ရက်နေ့မှာ ပုဂံ ညောင်ဦးမြို့နယ်၊ မအူပင်မှာ မွေးဖွားခဲ့သည်။ အမည်ရင်းက ဦးစိန်အေး ဖြစ်သည်။ ၁၉၇၁ ခုနှစ်၊မှာ မန္တလေး ပန်းချီ ပန်တျာကျောင်းသို့ တက်ရောက်ခဲ့ပြီး၊ ပန်တျာကျောင်းမှ ကျောင်းပြီးခဲ့သည်။ မန္တလေး မှ ဆရာ ဦးအေးကျော်နဲ့ ဆရာ ဦးခင်မောင်တို့ထံကနေ ပန်းချီ ပညာကို လေ့လာ ဆည်းပူးခဲ့သူ ဖြစ်သည်။ ၁၉၇၇ မှာ "စစ်ငြိမ်းအေး" စီးပွားရေး ပန်းချီလုပ်ငန်းကို တည်ထောင် လုပ်ကိုင်ခဲ့ပြီး၊ စီးပွားရေး ပန်းချီခေတ် တခေတ်ဆန်းစေခဲ့သူ ဖြစ်သည်။ မန္တလေးတိုင်း၊ တိုင်းသမ၏ ပန်းရိုးမ ပြက္ခဒိန်များတွင် သူ၏ လက်ရာများ ဖော်ပြပါရှိသည်။ ၁၉၈ဝ နဲ့ ၁၉၈၈ မတိုင်မီ ကြားကာလမှာ အထူး အောင်မြင်ခဲ့ပြီး၊ နာမည်ကြီး ကြော်ငြာမှန်သမှျ စစ်ငြိမ်းအေး လက်ရာနဲ့ မကင်းခဲ့ပေ။ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံတွင် တက့်ကစွာ ပါဝင်ခဲ့ပြီး၊ ရှစ်လေးလုံး အရေးတော်ပုံ ကာလအတွင်း မန္တလေးမှာ ဖွဲ့စည်းခဲ့တဲ့ “ဂဠုန်နီ“ သံဃာအဖွဲ့၏ အာဘော် “ဂဠုန်နီ သတင်းစာ“ကို စာရေးဆရာ မြတ်ထက်နဲ့အတူ ဦးစီး ထုတ်ဝေခဲ့သည်။ ၁၉၈၈ ခု၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အာဏာအရပ်ရပ်ကို အကြမ်းဖက် အုပ်စီးလိုက်တဲ့ အခါ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ တော်လှန်ရေးကို ဆက်လက် ဆင်နွဲရန်အတွက် အိနိ္ဒယ-မြန်မာ နယ်စပ်သို့ ထွက်ခွာလာခဲ့သည်။ အိနိ္ဒယနိုင်ငံ မဏီပူရနဲ့ မီဇိုပြည်နယ်တို့မှာ လှည့်လည် နေထိုင်ခဲ့ပြီး ယခုအခါ နယူးဒေလီမြို့မှာ အခြေချ နေထိုင်လျက် ရှိပါသည်။

စစ်ငြိမ်းအေး၏ လက်ရာ