စစ်ကိုင်းတိုင်းဒေသကြီး

ဝီကီပီးဒီးယား မှ
စစ်ကိုင်းတိုင်းဒေသကြီး
တိုင်းဒေသကြီး
စစ်ကိုင်းတိုင်းဒေသကြီး၏ အလံတော်
အလံတော်
စစ်ကိုင်းတိုင်းဒေသကြီး၏ တရားဝင်လိုဂို
လိုဂို
မြန်မာနိုင်ငံတွင်း တည်နေရာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°30′N 95°37′E / 21.500°N 95.617°E / 21.500; 95.617ကိုဩဒိနိတ်: 21°30′N 95°37′E / 21.500°N 95.617°E / 21.500; 95.617
နိုင်ငံ မြန်မာ
မြို့တော်[မုံရွာမြို့]]
အစိုးရ
 • ဝန်ကြီးချုပ်ဦးမြင့်နိုင် (NLD)
 • အစိုးရစစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့
 • ဥပဒေပြုလွှတ်တော်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်
 • တရားလွှတ်တော်စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်
ဧရိယာ
 • စုစုပေါင်း၉၃၇၀၄.၅ စတုရန်းကီလိုမီတာ (၃၆၁၇၉.၅ စတုရန်းမိုင်)
ဧရိယာအဆင့်ဒုတိယ
လူဦးရေ (၂၀၁၄)[၁]
 • စုစုပေါင်း၅,၃၂၅,၃၄၇
 • အဆင့်ပဉ္စမ
 • သိပ်သည်းမှု၅၇/km (၁၅၀/sq mi)
Demographics
 • လူမျိုးစုများဗမာရှမ်း no နာဂချင်း
 • ကိုးကွယ်မှုဗုဒ္ဓဘာသာခရစ်ယာန်Animism
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+06:30)
ISO 3166 ကုဒ်MM-01
HDI (၂၀၁၇)0.547[၂]
low · နဝမ
ဝက်ဘ်ဆိုဒ်sagaingregion.gov.mm

စစ်ကိုင်းတိုင်းဒေသကြီးသည် ဧရိယာစုစုပေါင်း ၃၆,၅၃၄ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းဒေသကြီး ၇ ခုတို့တွင် အကျယ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းမှ မြောက်ထိပ်စွန်းလောက်ထိ တောင်မြောက်ရှည်လျားသော တိုင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်ကချင်ပြည်နယ်အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၃၀မိနစ် မှ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ မှ ၉၇ ဒီဂရီ မိနစ် အတွင်း တည်ရှိသည်။ မြို့တော်မှာ [မုံရွာမြို့] ဖြစ်သည်။

ရာသီဥတု

တောင်တန်းဒေသများရှိရာ အနောက်မြောက်ဖက်ဒေသများနှင့် ကျန်မြေပြန့်လွင်ပြင်ဒေသများမှာ ကွဲပြားခြားနားသည့် ရာသီဥတုများရှိကြသည်။

ပတ်ကွိုင် နှင့် နာဂတောင်တန်းများ၏ အပူချိန်မှာ ရေခဲမှတ်ထိ ရှိတတ်သည်။ ပျှမ်းမျှအပူချိန်မှာ အနိမ့်ဆုံး ၄၀ဒီဂရီ ဖာရင်ဟိုက် ထိရှိတတ်ပြီး အပူပိုင်းဒေသဖြစ်သည့် မုံရွာမြို့၏ အပူဆုံးအချိန်များတွင် ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိ ရှိတတ်သည်။ အအေးပိုင်းဒေသများ၏ အမြင့်ဆုံးအပူချိန်မှာ ၅၀ ဒီဂရီဖာရင်ဟိုက်သာဖြစ်သည်။

မြောက်ဖက်ပိုင်းဒေသများတွင် မိုးရေချိန်မှာ ၈၀ လက်မမှ ၁၀ဝ လက်မထိ ရရှိလေ့ရှိသည်။ သို့သော် တောင်ပိုင်းဒေသများတွင်မူ ၄၀ လက်မဝန်းကျင်သာရရှိပါသည်။ မြို့ကြီးအချို့၏ နှစ်စဉ်ပျှမ်းမျှမိုးရေချိန်များမှာ မုံရွာမြို့တွင် ၃၁ လက်မ၊ စစ်ကိုင်းမြို့တွင် ၃၄ လက်မ နှင့် ရွှေဘိုမြို့တွင် ၃၆ လက်မ တို့ဖြစ်ကြသည်။ တခါတရံတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများကြောင့်လည်း မိုးများတတ်သည်။

မြို့တော်

စစ်ကိုင်းတိုင်းမြို့တော်သည် စစ်ကိုင်းမြို့ဖြစ်သည်။ စစ်အစိုးရခေတ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် တိုင်းအဆင့်ရုံးများအား စစ်ဌာနချုပ်ရှိရာ မုံရွာမြို့သို့ ပြောင်းရွေ့ခဲ့ပြီး (၂၀၁၀)ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သော ​ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရပြီး ယခင် စစ်ကိုင်းတိုင်း စစ်တိုင်းမှူးဖြစ်သော ဗိုလ်ချုပ်မှာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ယူခဲ့ပြီး "တိုင်းဒေသကြီး အစိုးရရုံးကို (၂၀၁၁)ခုနှစ်အစောပိုင်း အစိုးရတစ်ရပ်အာဏာမလွှဲခင်တွင် တိုင်းအဆင့်ရုံးများ ပြန်လည်ပြောင်းရွေ့ကြသော ကျန်တိုင်းများကို လစ်လျူရှု၍ ​မုံရွာမြို့၌ အပြီး ဆောက်လုပ်ခဲ့သည်။

မှတ်ချက်= မည်သည့်နိုင်ငံတော် ပြဌာန်းချက် (သို့) ပြန်တမ်းစာမျှ မထွက်ရှိပဲ.. (၂၀၁၅)ခုနှစ် စတုတ္ထတန်း ပထဝီတွင် စစ်ကိုင်းတိုင်း၏ မြို့တော်မှာ စစ်ကိုင်းမြို့ မဟုတ်ပဲ မုံရွာမြို့ ဟု သင်ရိုးပြောင်းလိုက်အပြီးတွင် ပြည်သူ့လွှတ်တော်၌ ပညာရေးဝန်ကြီးအား မေးခွန်းမေးမြန်းခံရပါသည်။ ပညာရေးဝန်ကြီးက "အများလက်ခံထားသောကြောင့် ထည့်သွင်းရပါသည်"ဟု ဖြေဆိုခဲ့ပါသည်။

ဖိုင်:Sagine div.jpg
စစ်ကိုင်းတိုင်းဒေသကြီး မြေပုံ

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ

စစ်ကိုင်းတိုင်းဒေသကြီးကတွင် ခရိုင် (၁၁) ခုဖြင့် ဖွဲ့စည်းထားသည်။

မြို့နယ် (၃၇) မြို့နယ်၊ မြို့ပေါင်း (၅၀)မြို့၊ ရပ်ကွက်ပေါင်း (၂၇၁) ကွက်၊ ကျေးရွာအုပ်စု (၁၇၅၅) အုပ်စုနှင့် ရွာပေါင်း (၅၉၉၁) ရွာ တည်ရှိသည်။[၃]

မှတ်ချက် - ၂၀၂၀ခုနစ်တွင် ကောလင်းသည် ခရိုင်မြို့တော်အဖြစ်သို့ပြောင်းလဲသွားပါပြီ။

အခြား မြို့ရွာများ

3

စိတ်ဝင်စားဖွယ်နေရာများ

[၄]

ဒေသထွက်ကုန်များ

ပဲပြောင်း နှမ်းဝါ ကွမ်းနှင့်ကွမ်းယာပစ္စည်းများလည်း ထွက်ရှိသည်။ စပါး မြေပဲ နေကြာ စသည်တို့ကို စစ်ကိုင်းတိုင်းအထက်ပိုင်း၌ အစိုက်များကြသည်။

တွင်းထွက်များ

ရွှေ(ကျောက်ပုထိုးဒေသ၊ မြန်မာနိုင်ငံ၏ အကြီးဆုံးရွှေထွက်ရာဒေသ)၊ ကျောက်စိမ်း(ခန္တီးမြို့) ရေနံ(ပန်းသာ၊ အင်းတော်ဒေသ) ကျောက်မီးသွေး(ကလေး၊ ကလေးဝ၊ မော်လိုက်တစ်ကြော) မြန်မာနိုင်ငံ၌ ကျောက်မီးသွေးအရည်အသွေး အကောင်းဆုံးနှင့် အများဆုံးထွက်ရှိသည့် တိုင်းဒေသကြီး ဖြစ်ပါသည်။

ကိုးကား

  1. Census Report။ The 2014 Myanmar Population and Housing Census။ 2။ Naypyitaw: Ministry of Immigration and Population။ May 2015။ p. 17။
  2. Sub-national HDI - Area Database - Global Data Lab (in en)။ 2018-09-13 တွင် ပြန်စစ်ပြီး။
  3. တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၁၆−၁၀−၂၀၁၉)
  4. D.P.S. MYANMAR GUIDE MAP. 2000.
  5. မြန်မာပြည်ဖွားဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်