ငြင်း

ဝီကီပီးဒီးယား မှ

ငြှင်း

ငြှင်းမှာ ဘူးအိုးပေါ်တွင် ဝါးချောင်းကလေးများ တစ်ချောင်းမှ ၁၆-ချောင်းအထိ စိုက်လျက် မှုတ်ရသော လေမှုတ်တူရိယာဖြစ်သည်။ မှုတ်ပုံမှာ မှုတ်သူသည် ဝါးချောင်းကလေးများကို မိမိကိုယ်နှင့် တည့်တည့်မတ်မတ်ထား၍ ဘူးအိုးကို လက်ဝါးနှစ်ဖက်နှင့် အုပ်၍ မှုတ်ရသည်။ ဝါးချောင်းတစ်ချောင်း၏ အပေါ်တွင် လက်နှိပ်ပေါက် တစ်ပေါက်ကျ ပါရှိလေသည်။ ယင်းအပေါက်ကလေးများကို လက်ချောင်းထိပ်ဖြင့် ပိတ်၍ မှုတ်လျှင် ယင်းဝါးချောင်းတွင် ညှိထားသော အသံမြည်သည်။ ငြှင်းသည် မြန်မာနိုင်ငံ၌ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀-ကျော် သရေခေတ္တရာခေတ်ကပင် စ၍ ပေါ်ပေါက်ခဲ့သည်။ အာရှအရှေ့တောင်ပိုင်းဒေသများနှင့် မြန်မာနိုင်ငံရှိ ချင်းပြည်နယ်ရှမ်းပြည်နယ်များတွင် ယခုတိုင် တီးမှုတ်သုံးစွဲကြသေးသည်။ [၁]

ကိုးကား

  1. မောင်သိန်းနိုင်၏ မြန်မာ့ဇာတ်သဘင် သမိုင်း (၁၉၆၈-ခု၊ စာပေဗိမာန်ထုတ်)