ဂေါ်ရခါးလူမျိုး

ဝီကီပီးဒီးယား မှ
ကလောမြို့မှ ဂေါ်ရခါးလူမျိုး ကလေးငယ်တစ်ဦး

ဂေါ်ရခါးလူမျိုး(နေပါလီလူမျိုး)း(အင်္ဂလိပ်: Gurkhas; နီပေါ: गोर्खा; /ˈɡɜːrkə/ သို့မဟုတ် /ˈɡʊərkə/) သည် နေပါလီ လူမျိုး ဖြစ်သည်။ ရှေးကာလကပင် ဗြိတိသျှစစ်တပ်များတွင် စုဆောင်းဖွဲ့စည်း၍ ဂေါ်ရခါးတပ်ဟူ၍ သီးခြားထူထောင်ခဲ့သည်။ ဂေါ်ရခါးများတွင် ခူကူရီးခေါ် လေးလံသော ဓားကောက်ကို ဆောင်ထားလေ့ရှိသည်။ မြန်မာနိုင်ငံအရပ်ရပ်တွင် ဂေါ်ရခါး အရပ်သားများ နေထိုင်ကြသည်။ နွားမွေးခြင်း၊ နွားနို့နှင့် ဒိန်ခဲထောပတ် ပြုလုပ်ခြင်း၊ သီးနှံ့စိုက်ပျိုးခြင်း၊ မုန့်ပဲသရေစာ ပြုလုပ်ခြင်းဖြင့် အသက်မွေးလေ့ရှိသည်။[၁]

ဂေါ်ရခါးလူမျိုး ၉၀ % သည် ဟိန္ဒူဘာသာ နှင့် ဗုဒ္ဓဘာသာ ကို ကိုးကွယ်ယုံကြည်ကြသည်။ [၂]

အောင်ဆန်းသူရိယဘွဲ့ ရရှိသော ဆာ့ခ်ဗဟာ ဒူးရွိုင်း (ကြည်း ၀၁၉၁၄) သည် ဂေါ်ရခါး စစ်သည်တော် တစ်ဦး ဖြစ်သည်။ ဂေါ်ရခါးလူမျိုးသည်နယ်ချဲ့ ဆန့်ကျင်ရေး၊ဖက်ဆစ်ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၊ လွတ်လပ်ရေးကာကွယ်စောင့်ရှောက်မှု သမိုင်း တွင် စွန့်စွန့်စားစားပါဝင်ခဲ့သည်။

ရိုးရာယဉ်ကျေးမှု နှင့် ဓလေ့ထုံးစံများ

ပညာရေး

ကိုးကား