ဂေါ်ဂန်

ဝီကီပီးဒီးယား မှ
လက်ကိုင်သုံးခုပါ ဝိုင်အရက်အိုးမှ လက်ကိုင်တစ်ခုချင်းဆီ၏ အပြင်ဖက်တွင် ရှိသော ဂေါ်ဂန်ခေါင်းပုံ၊ ခဲလ်တစ်မှ အမျိုးသမီး Vix (ဘုရင်မ/မင်းသမီး/နတ်ဆရာမကို စသည် တိတိကျကျမသိပါ၊) ၏ သင်္ချိုင်းဂူ၊ (ဘီစီ ၅၁၀)

ဂရိဒဏ္ဍာရီတွင် ဂေါ်ဂန် (အင်္ဂလိပ်: Gorgon; ရှေးဟောင်းဂရိ: Γοργών/Γοργώ Gorgon/Gorgo) ဆိုသည်မှာ ရှေးဟောင်းစာပေများတွင် ဖော်ပြ/ရေးဆွဲထားသော ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုးဖြစ်သည်။ ဂေါ်ဂန်များအား ရေးဆွဲဖော်ပြထားမှုများသည် ကွဲလွဲကြပြီး ရှေးအကျဆုံးဂရိစာပေများ၌ ပါဝင်သော်လည်း ဤဝေါဟာရကို ရည်ညွှန်းရာ၌ အဆိပ်ရှိမြွေများရစ်ခွေနေသော ဆံပင်မျိုးပါရှိ၍ အလွန်ကြောက်စရာကောင်သော မျက်နှာဖြင့် ညီအမသုံးဖော်ထဲက တစ်ဦးဦး ဖြစ်သည်။ ယင်းသုံးဦးက မျက်စိဖြင့်ကြည့်လျှင် အကြည့်ခံရသူသည် ကျောက်တုံးအသွင်သို့ ပြောင်းလဲသွားသည်။

စဉ်ဆက်သဘောအရ ဂေါဂန်သုံးဦးထဲမှ နှစ်ဦးဖြစ်သော "စသီးနို" (Stheno) နှင့် ယူအာရိုင်းယာလီ (Euryale) တို့သည် သေမျိုးဖြစ်ကာ ကျန်တစ်ဦးဖြစ်သော မက်ဒူဆာသည် သေမျိုးမဟုတ်ပေ။ မက်ဒူဆာကို နတ်လူ၊ သူရဲကောင်း ပါးဆီးယပ်စ်က သုတ်သင်နိုင်ခဲ့သည်။

ဝေါဟာရရင်းမြစ်

Gorgon အမည်သည် ရှေးဟောင်းဂရိ γοργός gorgós မှဆင်းသက်လာ၍ အနက်မှာ "ခက်ထန်သော၊ ကြောက်စရာကောင်းသော" ဟူ၍ဖြစ်ပြီး မူလဇာစ်မြစ်မှာ သင်္သကရိုက်: गर्जन, garjana ဖြစ်နိုင်ချေရှိသည်။ မူလဇာစ်မြစ် သက္ကတစာလုံး၏ အနက်မှာ တိရစ္ဆာန် မာန်ဖီသံကဲ့သို့ "လည်ချောင်းသံ" ဟူ၍ အဓိပ္ပာယ်ရရှိလေသည်။[၁] ထို့ကြောင့် ဖြစ်နိုင်ချေရှိသည်မှာ မြည်သံစွဲအလင်္ကာမှ ဇာစ်မြစ်ခံခြင်း ဖြစ်နိုင်ပေသည်။

ကိုးကား

  1. Feldman, Thalia (1965). "Gorgo and the origins of fear". Arion 4 (3): 484–94.