ဂေခိုလူမျိုး

ဝီကီပီးဒီးယား မှ

ဂေခိုလူမျိုး သို့မဟုတ် ကဲ့ခိုလူမျိုး သည် တောင်ပေါ်ကရင်အနွယ်ဝင် ဖြစ်သည်။ ရမည်းသင်းနှင့်တောင်ငူခရိုင် တောင်တန်းများတွင် နေထိုင်ကြသည်။ လူဦးရေ မှာ ၁၉၈၃ ခုနှစ် စာရင်းများအရ ၉၅၀ဝ ဖြစ်သည်။ ဂေခိုလူမျိုးများသည် ကယားပြည်နယ် အတွင်းရှိ လွိုင်ကော်ဒီးမောဆိုဖရူးဆိုနှင့် ဖားဆောင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။ ဂေခိုလူမျိုးများ၏ ထင်ရှားသော ပွဲတော်များမှာ တောင်ယာ မီးရှို့ပွဲ၊ စပါးပျိုးကြဲပွဲ၊ ကောက်ရိတ်သိမ်းပွဲနှင့် ကယ်ဒီးခူး (ခေါ်) စပါးဦး စားပွဲ တို့ ဖြစ်သည်။[၁]

ကိုးကား

  1. ဂေခိုတိုင်းရင်းသားလူမျိုးများ။ ကယားပြည်နယ် အစိုးရအဖွဲ့။ ၉ မေ ၂၀၁၈ တွင် ပြန်စစ်ပြီး။