ကဏန်း နက်ဗျူလာ
ကိုဩဒိနိတ်: 5h 34m 31.97s, +22° 00′ 52.1″
နက်ဗျူလာ | |
---|---|
ဟာဘဲလ် အာကာသမှန်ပြောင်းမှ သီးသန့် မြင်ကွင်းကျယ်နှင့်ဂြိုဟ်ဆိုင်ရာ ကင်မရာဖြင့်
၁၉၉၉ အောက်တိုဘာ၊ ၂ဝဝဝ ဇန်နဝါရီ၊ ၂ဝဝဝ ဒီဇင်ဘာလတွင် ဖမ်းယူထားသော ပုံရိပ် | |
လေ့လာမှု ဒေတာ: J2000.0 Epoch | |
ညာဘက် တိမ်းစောင်းမှု | 05° 34′ 31.94″[၁] |
နိမ့်ဆင်းမှု | +22° 00′ 52.2″[၁] |
အကွာအဝေး | ±1600 6500ly (±500 2000pc) |
အမြင် တောက်ပမှု (V) | +၈.၄ |
အမြင် ဒိုင်မင်းရှင်း (V) | 420″ × 290″ |
ကြယ်စုတန်း | တော့ရပ် |
ရုပ်သွင်ပြင် လက္ခဏာ | |
အချင်းဝက် | ~၅.၅ ly (~၁.၇[၂] pc) |
ပကတိ တောက်ပမှု (V) | ±0.5 −3.1[c] |
သိသာသော သွင်ပြင်များ | အလင်းပြန် ပါလဆာ |
သတ်မှတ်ချက်များ | Messier 1, NGC 1952, Taurus A, Sh2-244[၁] |
ဂဏန်း နက်ဗျူလာ (အင်္ဂလိပ်: Crab Nebula) သည် တောရပ် ကြယ်စုတန်းထဲမှ ဆူပါနိုဗာ လက်ကျန်နှင့် ပါလ်ဆာလေ နက်ဗျူလာဖြစ်သည်။ ယခုလက်ရှိ အမည်နာမသည် ၁၈၄ဝ ခုနှစ်တွင် ၃၆ လက်မအရှည် တယ်လီစကုပ်ဖြင့် ဝီလီယံ ပါဆင်ဆိုသည့်ပုဂ္ဂိုလ်၏ ဂဏန်းပုံစံ တွေ့ရှိချက်အတိုင်း မှည့်ခေါ်ထားခြင်းဖြစ်သည်။ ၁ဝ၅၄ ခုနှစ်တွင် တရုတ်နက္ခတ္တပညာရှင်များ၏ တောက်ပသော ဆူပါနိုဗာနှင့်ဆက်နွယ်ကာ နောက်ပိုင်းတွင် အင်္ဂလိပ်လူမျိုး နက္ခတ္တပညာရှင် ဂျွန် ဘီဘစ်က ၁၇၃၁ ခုနှစ်တွင် လေ့လာခဲ့သည်။ နက်ဗျူလာသည် သမိုင်းဝင် ဆူပါနိုဗာပေါက်ကွဲမှုဖြင့် နက္ခတ္တဆိုင်ရာ အရာဝတ္ထုတစ်ခု ဖြစ်လာခဲ့သည်။ စေတန်ဂြိုဟ်ရံလ တိုက်တန်နှင့်နှိုင်းယှဉ်ကာ ပကတိ တောက်ပမှု ၈.၄ ရှိသောကြောင့် သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ နက်ဗျူလာသည် ကမ္ဘာမှဆိုသော် နဂါးငွေ့တန်း ဂယ်လက်ဆီ၏ ပါဆီးယပ် လက်မောင်းအနား ၂.ဝ Kiloparsecs (အလင်းနှစ် ၆၅ဝဝ) အကွာတွင် တည်ရှိသည်။ ယင်းသည် အချင်းအားဖြင့် ၃.၄ parsecs (အလင်းနှစ် ၁၁) ရှိကာ တစ်စက္ကန့်လျင် ၁၅ဝဝ ကီလိုမီတာနှုန်းဖြင့် ပြန့်ကားနေသည်။ နက်ဗျူလာ၏အလယ်ဗဟိုတွင်ကား ဂဏန်း ပါလ်ဆာ တည်ရှိသည်။ ယင်းသည် နယူထရွန်ကြယ်တစ်စင်းဖြစ်ပြီး ၂ဝ-၃ဝ ကီလိုမီတာ (၁၇-၁၉ မိုင်) ရှိကာ တစ်စက္ကန့်လျင် ၃ဝ.၂ ကြိမ်နှုန်း လည်ပတ်လျက်ရှိသည်။ ဓာတ်ရောင်ခြည် ဖြာထွက်မှုမှာ ဂါမာရောင်ခြည်မှသည် ရေဒီယိုလှိုင်းများအဖြစ် ထုတ်လွှင့်ပေးလျက်ရှိသည်။
လေ့လာမှုသမိုင်း
ဂဏန်း နက်ဗျူလာအား ၁၇၃၁ ခုနှစ်တွင် ဂျွန် ဘီဗစ်ဆိုသူက ပထမဆုံး အသိမှတ်ပြုခဲ့သည်။ ယင်းအချိန်တွင် ချားလ် မီဆီယားဆိုသူက တောက်ပသော ကြယ်တံခွန်များအား လေ့လာနေခဲ့သည်။ သူသည် အရင်ဆုံး ဂဏန်း နက်ဗျူလာအား ဟေလီကြယ်တံခွန်ဟု ထင်ခဲ့မိလေသည်။ လေ့လာမှုအချို့ပြုလုပ်ခဲ့ပြီးနောက် ယင်းသည် ညဘက်ကောင်းကင်တွင် မရွေ့လျားသည်ကို သတိပြုမိခဲ့သည်။ ထို့ကြောင့် မီဆီယားသည် ကြယ်တံခွန်မဟုတ်ဟု ကောက်ချက်ချခဲ့သည်။ ဝီလီယံ ဟာရှယ်သည် ဂဏန်း နက်ဗျူလာအား ၁၇၈၃ ခုနှစ်မှ ၁၈ဝ၉ ခုနှစ်အတွင်း အကြိမ်ပေါင်းများစွာ လေ့လာမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ယင်းတည်ရှိမှုအား သတိမပြုမိချေ။ လေ့လာမှုများစွာပြုလုပ်ခဲ့ပြီးနောက် သူသည် ကြယ်စုတစ်ခုဖြစ်ရမည်ဟု ကောက်ချက်ချခဲ့သည်။ ဝီလီယံ ဟာရှယ်သည် ၃၆ လက်မအရှည် တယ်လီစကုပ်ဖြင့် နက်ဗျူလာအား လေ့လာခဲ့ပြီးနောက် "ဂဏန်း နက်ဗျူလာ"ဟု ခေါ်ဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူဆွဲလိုက်သော ပုံမှာ ကဏန်းနှင့် တူသောကြောင့်ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ အခြေနေ
ဂဏန်း နက်ဗျူလာတွင် အိုင်ယွန်းနစ် ဟီလီယမ်၊ ဟိုက်ဒရိုဂျင်၊ ကာဗွန်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ အိုင်းယွန်း၊ နီယွန်းနှင့် ဆာလဖာတို့ ပါဝင်သည်။ အပူချိန်သည် ၁၁ဝဝဝ နှင့် ၁၈ဝဝဝ ကေလ်ဗင်ကြား တည်ရှိသည်။ နက္ခတ္တပညာရှင်တို့သည် ဂဏန်း နက်ဗျူလာအား အာရုံစိုက်ကြသော်လည်း ယင်း၏ အကွာအဝေးသည် မသေချာမရေရာပေ။ ၂ဝဝ၈ ခုနှစ်တွင် ယင်း၏အကွာအဝေးသည် အလင်းနှစ် ၆၅ဝဝ-၁၆ဝဝဝ ကြားရှိရမည်ဟု ခန့်မှန်းခဲ့သည်။ နက်ဗျူလာသည် လက်ရှိတွင် အပြင်ဘက်သို့ တစ်စက္ကန့်လျင် ကီလိုမီတာ ၁၅ဝဝ (၉၃ဝ မိုင်) နှုန်းဖြင့် ပြန့်ကားလျက်ရှိသည်။ လွန်ခဲ့သော နှစ်အတော်အကြာမှ မှတ်တမ်းတင်ထားသော ဓာတ်ပုံများနှင့် နှိုင်းယှဉ်ကာစစ်ဆေးရာတွင် ဂဏန်း နက်ဗျူလာ၏ အပြင်ဘက်ပြန့်ကားနှုန်းသည် နှေးကွေးလာသည်ဟုဆိုသည်။
ကျမ်းကိုး
- ↑ ၁.၀ ၁.၁ ၁.၂ M 1 -- SuperNova Remnant။ SIMBAD။ Observatory of Strasbourg။ 12 February 2012 တွင် ပြန်စစ်ပြီး။
- ↑ "The Crab Nebula: An Astrophysical Chimera" (2008). Annual Review of Astronomy and Astrophysics 46: 127–155. doi: . Bibcode: 2008ARA&A..46..127H.