ချင်မင်းဆက်

ဝီကီပီးဒီးယား မှ
၁၃:၂၄၊ ၁ မေ ၂၀၁၈ နေ့က Dr Lotus Black (ဆွေးနွေး | ပံ့ပိုး) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ချင်းမင်းဆက် နှင့် မရောထွေးပါနှင့်။

ချင်မင်းဆက်
ဘီစီ ၂၂၁ – ဘီစီ ၂၀၆

Qin Dynasty တည်နေရာ
မြို့တော် Xianyang
ဘာသာစကား Chinese
ကိုးကွယ်ယုံကြည်မှု Chinese folk religion, Legalism
အစိုးရစနစ် ဧကရာဇ်စနစ်
ဧကရာဇ်
 - 221 BCE–210 BCE Shi Huangdi
 - 210 BCE–207 BCE Qin Er Shi
Chancellor
 - 221 BCE–203 BCE Li Si
သမိုင်း
 - Unification of China ဘီစီ ၂၂၁
 - Death of Qin Shi Huangdi 210 BCE
လူဦးရေ
 - 210 BCE est. ၄၀,၀၀၀,၀၀၀ ဦး
ငွေကြေး Chinese coin, Chinese cash
History of China

ချင်မင်းဆက်သည် ဘီစီ ၂၂၁ မှ ၂၀၆ အထိ ကြာမြင့်ပြီး ချင်ဒေသ (ယခုရှန်ရှီးဒေသ) ကို အစွဲပြု၍ ချင်မင်းဆက်ဟု အမည်တွင်သည်။ ချင်မင်းဆက်ကို ထူထောင်ခဲ့သည့် ရှီဟွမ်တီသည် တရုတ်ပြည်၏ ပထမဦးဆုံးသော ဧကရာဇ်အဖြစ် လူသိများသည်။ ချင်မင်းဆက်မှစ၍ ဟွမ်တိ (ဧကရာဇ်) ဟူသည့် တရုတ်ဝေါဟာရ ပေါ်ပေါက်လာခဲ့သည်။ စစ်ပြိုင်ခေတ်နှောင်းပိုင်းတွင် စစ်အင်အား တောင့်တင်းသည့် ချင်ပြည်သည် အနီးတဝိုက်မှ ဟန် (韓)၊ ကျောက် (趙)၊ ဝေ့ (魏)၊ ချူ (楚)၊ ရန့် (燕)၊ ချီ (齊) စသည့် ၆ ပြည်ထောင်ကို သိမ်းပိုက်နိုင်ခဲ့သောကြောင့် တရုတ်ပြည်အတွင်း နှစ် ၅၀၀ ကျော်ကြာမြင့်သည့် ထီးပြိုင်နန်းပြိုင် အခြေအနေကို အဆုံးသတ်စေကာ ပထမဦးဆုံးသော တရုတ်အင်ပါယာကြီး ဖြစ်လာသည်။