ခစ်မိယားရာ

ဝီကီပီးဒီးယား မှ
၀၆:၂၉၊ ၂၄ စက်တင်ဘာ ၂၀၂၀ နေ့က Aungookingofcelestials (ဆွေးနွေး | ပံ့ပိုး) (added Category:ဂရိ ဒဏ္ဍာရီလာ သတ္တဝါများ using HotCat) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
အပူးလိယာဒေသမှ ပန်းကန်ချပ်တစ်ခုပေါ်ရှိ ခစ်မိယားရာ၊ မူဇီးဒူ လူဗာပြတိုက်

ခစ်မိယားရာ (သို့) ခိုင်မိယားရာ(အင်္ဂလိပ်: Chimaera or Chimaera) သည် အနာတိုလီယားခေါ် အာရှအနောက်ပိုင်းကျွန်ဆွယ် လစ်ဆီးယာဒေသမှ မီးမှုတ်ထုတ်နိုင်သော ဒဏ္ဍာရီလာ မျိုးစပ်သတ္တဝါတစ်မျိုးဖြစ်သည်။ ဂရိဒဏ္ဍာရီအရ ဂရိစကားလုံး Χίμαιρα သည် ဆိတ်မ ဟူ၍အနက်ထွက်ရှိသည်။[၁] ယင်းသတ္တဝါကို တိရစ္ဆာန်တစ်မျိုးထက်ပိုသော အစိတ်အပိုင်းများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားရာ ချယ်မှုန်းဖော်ပြရာတွင် ပုံစံမှာ ခြင်္သေ့ဖြစ်၍ ခေါင်းပိုင်းမှာ ဆိတ်ဦးခေါင်းက ကျောဘက်မှ ငေါထွင်နေပြီး အမြီးသည် မြွေဦးခေါင်းပိုင်းဖြင့် အဆုံးသတ်သွားသည်။[၂] တိုင်ဖွန်နှင့် အစ်ခစ်ဒ်နာ တို့မှ ဖွားမြင်သော သတ္တဝါဖြစ်သည်။ ဆားဘရာ့စ် နှင့် လဲ့နီဟိုက်ဒရာ တို့သည် ၎င်း၏ မွေးချင်းများဖြစ်ကြသည်။

ဤဝေါဟာရ "chimera" ("ခစ်မိယားရာ") ကို အမျိုးမျိုးသော စိတ်ကူးယဉ် (သို့) ဒဏ္ဍာရီလာ သတ္တဝါများ၏ အစိတ်အပိုင်းများပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာသော အကောင်များကို ဖော်ပြရန် အသုံးပြုလာကြပြီဖြစ်သည်။ ထို့ပြင် အရောင်တဖျပ်ဖျပ်၊ ယုံနိုင်စရာ ဖြစ်တန်ဖွယ်ရာမရှိ၊ အလွန်အမင်း စိတ်ကူးပုံဖော်ထားသည့် အရာတစ်ခုခုကို ဖော်ပြရန်လည်း အသုံးပြကြပေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Becchio၊ Bruno; Schadé၊ Johannes P. (2006)။ Encyclopedia of World Religions (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Foreign Media Group။ ISBN 978160136000727 April 2019 တွင် ပြန်စစ်ပြီး
  2. Peck, "Chimaera".