ခင်မောင်ဦး

ဝီကီပီးဒီးယား မှ
ရဲဘော်သုံးကျိပ်ဝင် ခင်မောင်ဦး အတွက် ဗိုလ်တာရာ ကို ကြည့်ပါ။
ဦးခင်မောင်ဦး
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူရာထူးစတင်
ကယားပြည်နယ် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
ဆက်ခံသူအယ်ဖောင်းရှို
ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂၀၁၁ – ၃၀ မတ် ၂၀၁၆
ယခင်လူရာထူးစတင်
မဲဆန္ဒနယ်ဘော်လခဲမြို့နယ် (၁)
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာနိုင်ငံ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ဦးခင်မောင်ဦး သည် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။ သူသည် ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မတ်လမှ ၂၀၁၆ မတ်လအထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၁]

ဦးခင်မောင်ဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အဖြစ်ဖြင့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ဘော်လခဲမြို့နယ် မဲဆန္ဒနယ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ကယားပြည်နယ် လွှတ်တော် အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။[၂]

၂၀၁၅ ဇွန်လ ၂၈ ရက်နေ့တွင် ကယားပြည်နယ်၏ ပို့ဆောင်ရေးဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီး၊ စက်မှုဝန်ကြီးနှင့် ဗမာတိုင်းရင်းသားဝန်ကြီးများနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နုတ်ထွက်ခဲ့သည်။[၃] ၂၀၁၅ ဇူလိုင် ၁၃ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးခင်မောင်ဦးအား ပါတီစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ပါတီ၏ မူဝါဒများကို ဖောက်ဖျက်သည်ဟုဆိုကာ ပါတီမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။[၃]

ဦးခင်မောင်ဦး၏ ဖခင်ဖြစ်သူ ဦးကျော်ဒင်သည ဆိုရှယ်လစ်ခေတ်က ကရင်နီပြည်သူ့ကောင်စီ၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။[၄]

ကိုးကား

  1. NOMINATIONS OF CHIEF MINISTERS FOR REGIONS AND STATESEuro-Burma Office (၁၈ ဖေဖော်ဝါရီ ၂၀၁၁)။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. "Karenni State MPs"၊ Alternative Asean Network on Burma။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  3. ၃.၀ ၃.၁ ဝလုံး။ "USDP chief and ministers resign in Kayah State"၊ မြန်မာတိုင်းမ်၊ ၁၆ ဇူလိုင် ၂၀၁၅။ ၁၇ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး 
  4. ဇေသူ။ "ဒီမိုကရေစီ အစိုးရတွင်လည်း မဆလလူကြီးများ၏ သားသမီးများသာ ရာထူးကြီးများ ရယူထား"၊ Tomorrow၊ ၂၇ ဩဂုတ် ၂၀၁၄။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး