ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)

ဝီကီပီးဒီးယား မှ
၁၁:၁၁၊ ၁၆ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 0 ခုကို ကယ်ဆယ်ပြီး 2 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)

ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)သည် ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်ဟင်္သာတမြို့နယ်၊ တာငါးဆယ်တောင် ရပ်ကွက်၊ ကရင်ကျောင်းလမ်းတွင် တည်ရှိသည်။ ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၏ အကျယ်အဝန်းမှာ ၅.၃၄၆၂ ဧက ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အစိုးရ ကွန်ပျူတာ ကောလိပ် (ဟင်္သာတ) အား ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ် ဦးရွှေဒွေးလမ်းရှိ အ.လ.က(၂)၊ ဟင်္သာတမြို့ အဆောက်အဦးတွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှစ၍ ဟင်္သာတမြို့၊ တာငါးဆယ်တောင် ရပ်ကွက်၊ ကရင်ကျောင်းလမ်းတွင်ရှိသော အစိုးရ နည်းပညာ ကောလိပ်ကျောင်း နေရာသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ အဖွဲ့မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့ပြီး ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)အဖြစ်သို့ ဖွင့်လှစ်ပေးခဲ့သည်။[၁]

သင်တန်းများ[ပြင်ဆင်ရန်]

ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) တွင် အဓိကဘာသာရပ်နှစ်ခုဖြစ်သော ကွန်ပျူတာသိပ္ပံ နှင့် ကွန်ပျူတာနည်းပညာ ဘာသာရပ်များအား သင်ကြားပို့ချလျက်ရှိသည်။ စာတွေ့၊ လက်တွေ့ ပေါင်းစပ် သင်ကြားပေးလျက်ရှိသော အဓိကဘာသာရပ်များမှာ[၂]

  1. ကွန်ပျူတာ ပရိုဂရမ်နည်းပညာ (Software Technology) ဘာသာရပ်များ၊
  2. ကွန်ပျူတာစက်နည်းပညာ (Hardware Technology) ဘာသာရပ်များ၊
  3. ကွန်ပျူတာအသုံးချနည်းပညာ (Application Technology) ဘာသာရပ်များ၊
  4. သုတသိပ္ပံ (Information Science) ဘာသာရပ်များနှင့်
  5. တွက်ချက်ရေးသင်္ချာ(Computational Mathematics) ဘာသာရပ်များ


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Background History။ ၁၄ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. သင်ကြားပေးလျက်ရှိသော အဓိကဘာသာရပ်များ။ ၁၄ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]