ကြယ်စုတန်း

ဝီကီပီးဒီးယား မှ
၀၄:၁၁၊ ၂ မတ် ၂၀၁၈ နေ့က Ninjastrikers (ဆွေးနွေး | ပံ့ပိုး) (37.111.14.66 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Dr Lotus Black ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်) တည်းဖြတ်သည့်မူ
တရုတ်တို့၏ ကြယ်မြေပုံ

ရှေးအခါက တောက်ပသော ကြယ်များကို နတ်ဘုရားအမည်များ၊ တိရစ္ဆာန်အမည်များ ပေးခဲ့သည်။ တိုလေမီလက်ထက်တွင် အလ်မာကက်စ် ဆိုသူသည် ကြယ်အုပ်စု (၄၈)စုဖွဲ့၍ အမည်သတ်မှတ် ပေးခဲ့လေသည်။ သို့ရာတွင် နောင်အခါ အမည် အချို့ပယ်၍ အချို့ထပ်ဖြည့်ကြပြန်သည်။ ၁၉၃၀-ခုနှစ်တွင် ကမ္ဘာ့နက္ခပညာရှင်များ အဖွဲ့ချုပ်က ကြယ်စုများကို စက်ဝိုင်း၊ စက်ဝန်း စသည်ဖြင့် ကောင်းကင် အရှေ့အနောက်ဖြစ်စေ၊ တောင်မြောက်ဖြစ်စေ ပိုင်းခြားကာ စုစုပေါင်းကြယ်စု ၈၈ စုခွဲဝေခဲ့လေသည်။ အမည်များကို ဂရိတ်အက္ခရာနှင့် တောက်ခြင်း၊ မှိန်ခြင်းအတိုင်း အမည်ပေး၍ အက္ခရာကုန်သောအခါ ဂဏန်းတိုး၍ အမည်ပေးလေသည်။ [၁]

ကိုးကား

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ