ကျောက်ပန်းတောင်းမြို့

ဝီကီပီးဒီးယား မှ
ကျောက်ပန်းတောင်းမြို့
မြို့
နာမည်ပြောင်(များ): စကားဝါမြေ (အင်္ဂလိပ်: The Land of Bright Yellow Michelia Champaca)
ကျောက်ပန်းတောင်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျောက်ပန်းတောင်းမြို့
ကျောက်ပန်းတောင်းမြို့
ကျောက်ပန်းတောင်းမြို့တည်နေရာ
ကိုဩဒိနိတ်: 20°50′N 95°8′E / 20.833°N 95.133°E / 20.833; 95.133
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်ညောင်ဦး
မြို့နယ်ကျောက်ပန်းတောင်းမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကျောက်ပန်းတောင်းမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း မြို့အုပ်ရုံးစိုက်ရာမြို့ ဖြစ်၏။ မြင်းခြံမြို့မှ ၅၈ မိုင် ဝေး၏။ မြို့မှာ စတုရန်း ၂ မိုင်ခန့် ကျယ်ဝန်း၍ ၁၉၅၃-ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၄၈ဝ ခန့်ရှိသည်။ လူများသည် တောင်သူလုပ်ငန်းဖြင့် အဓိက အသက် မွေးမြူကြသည်။ ထိုမြို့နယ်မှ ထန်းလျက်၊ မြေပဲ၊ နှမ်း၊ ဆီ၊ မန်ကျည်းသီးသနပ်ခါးခေါက်များ အများအပြား ထွက်လေသည်။ ပုဂံပြည် အနော်ရထာမင်း တည်ခဲ့သော မြို့ဖြစ်၍ အနော်ရထာမင်းသည် နောင်တော် စုက္ကတေးမင်းအား စစ်သည်ဗိုလ်ပါ စုဆောင်းကာ ဤအရပ်မှ တော်လှန် အောင်မြင်ခဲ့လေ၏။ သို့ဖြင့် မမေ့အပ်သောအရပ် ဖြစ်သည့်အတိုင်း မြို့ရွာ တည်ဆောက်ပေးခဲ့သည်။ ကျောက်ပန်းတောင်းမြို့တွင် မြေပြင်မှ ပေ ၆ဝ၊ ၇ဝ ခန့် မြင့်မား၍ ပန်းတောင်းပုံသဏ္ဌာန်ရှိသော ကျောက်စိုင်ကျောက်တုံးများ သဘာဝအလျောက် စီရရီ ဖြစ်ပေါ်လျက် ရှိသည်။ ထိုကျောက်စိုင်များကို အစွဲပြု၍ ကျောက်ပန်းတောင်းဟု အမည်တွင်ဟန်တူသည်။ အချို့ကျောက်တုံး များပေါ်တွင် စေတီများ တည်ထားကိုးကွယ်ထားကြသည်။ ထင်ရှားသောစေတီများမှာ မြရွှေဂူနှင့် ရွှေတောင်ဦး ဖြစ်သည်။ မြို့၏အရှေ့မြောက်ယွန်းတွင် ရှိသော ပေ ၄၉၈၁ မြင့်သည့် ပုပ္ပါးတောင်နှင့် ခရီး ၈ မိုင်ခန့်သာ ဝေးသည်။ ပျဉ်းမနားမြို့မှ ကျောက်ပန်းတောင်းသို့ မီးရထားလမ်းခွဲ ရှိသည့်အပြင် ညောင်ဦး၊ မြင်းခြံ၊ မိတ္ထီလာမြို့မကွေးမြို့များသို့ လည်း မော်တော်ကားလမ်းများဖြင့် ဆက်သွယ်လျက်ရှိလေသည်။ မုန့်ပြားသလပ်သည် ကျောက်ပန်းတောင်း မြို့၏အဓိကသရေစာဖြစ်သည်။ ကျောက်ပန်းတောင်းအာလူးကြော်မှာလည်း နာမည်ကျော်ကြားသည်။

[၁]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)