ကောလိပ်

ဝီကီပီးဒီးယား မှ
၀၂:၀၉၊ ၁၁ နိုဝင်ဘာ ၂၀၁၅ နေ့က Ninjastrikers (ဆွေးနွေး | ပံ့ပိုး) (Reverted 1 edit by 175.211.106.4 (talk) to last revision by YiFeiBot. (TW)) တည်းဖြတ်သည့်မူ

ကောလိပ်(College)

ကောလိပ် (လက်တင်: collegium) သည် ပညာရေးဆိုင်ရာ ဌာန (သို့မဟုတ်) ပညာရေး အဆောက်အအုံ၏ တွဲဖက် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ကောလိပ်ဟူသော အသုံးအနှုန်းမှာ အင်္ဂလိပ်စကားပြော နိုင်ငံများ၌ပင် အသုံးအနှုန်း ကွဲပြားလျှက်ရှိသည်။ ကောလိပ်သည် ဌာနစုံ တက္ကသိုလ်နှင့် တွဲဖက်ထားပြီး ဘွဲ့ဒီဂရီပေးနိုင်သော ပညာရေး အဆောက်အအုံ ဖြစ်သည်။ ကောလိပ်သည် တက္ကသိုလ် မရောက်မီ အဆင့် ဘာသာရပ်တန်းခွဲများကို ပို့ချပေးလေ့ရှိသည်။

အထက်တန်းပညာ သင်ကြားပြီးနောက် ဆက်လက်၍ သီးခြားပညာရပ်ကို သင်ကြားရသည့် တက္ကသိုလ်ကျောင်းဖြစ်သည်။ ပညာရပ်အလိုက် ဝိဇ္ဇာပညာတက္ကသိုလ်၊ သိပ္ပံပညာတက္ကသိုလ်၊ သက်ကြီးတက္ကသိုလ်(လုပ်သားကောလိပ်) စသည်ဖြင့် အမျိုးမျိုးရှိသည်။ မြင့်မားသော ပညာ ဆက်လက်ဆည်းပူးရာ တက္ကသိုလ်၏ ကျောင်းခွဲများအား ကောလိပ်ဟူ၍လည်း ခွဲခြားသတ်မှတ်ကြသည်။ ကောလိပ် စုပေါင်းသည် တက္ကသိုလ်(ယူနီဗာစီတီ) ဖြစ်လေသည်။ ကောလိပ်များမှ သင်တန်းဆိုင်ရာ ဘွဲ့ထူးများကို ရယူနိုင်သည်။ ဒေသအလိုက် ကောလိပ်နှင့် တက္ကသိုလ်များလည်း ရှိသည်။ [၁]

ကိုးကား

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ