ကုမုဒြာ

ဝီကီပီးဒီးယား မှ
၀၇:၅၁၊ ၁၈ အောက်တိုဘာ ၂၀၁၇ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ရိုဘော့ - အပင် ကို အပင်များ ဖြင့် အစားထိုးနေသည်) တည်းဖြတ်သည့်မူ
ဖိုင်:ကုမုျဒာ.jpeg
ကုမုဒြာ

ညဧကရီ (empress of night) ဟု လည်း သိကြသော ကုမုဒြာ သည် ညတွင် ပွင့်သော ပန်းတမျိုးဖြစ်သည်။ orchid cactus, epiphyllum ဟုလည်း ခေါ်သည်။ ရေတွင်ပေါက်သော အပင်မျိုးမဟုတ်ပဲ၊ မြေစိုက်သစ်ခွမျိုးနွယ်ဖြစ်သည်။ အဖြူရောင်၊ ပန်းရောင် စသည့် အရောင်ကွဲများရှိသည်။ မျိုးကွဲပေါင်း ၁၉ မျိုး ရှိသည် ဟု ဆိုသည်။ အပွင့်သည် အရွက်ဖျားမှ ထွက်သည်။ လပြည့် သို့မဟုတ် လပြည့်ဝန်းကျင်ကာလများ လထွက်ချိန်တွင် ပွင့်သည်။ နံနက်တွင် နွမ်းသွားသည်။ နေရပ်ရင်းမှာ ဗဟိုအမေရိကဒေသဟု ဆိုသော်လည်း မြန်မာနိုင်ငံ တောတောင်ဒေသများတွင်လည်း ပေါက်သည်။