ကုန်းဘောင်ကြီးကြော်

ဝီကီပီးဒီးယား မှ

'ကုန်းဘောင်ကြီးကြော်' ဆိုသည်မှာ တရုတ်စားသောက်ဆိုင်များတွင် ရနိုင်သောဟင်းတစ်မျိုးဖြစ်သည်။ ယင်းမှာ 'ကွန်ပိုကျိ' ဟူသော တရုတ်စကားမှဆင်းသက်လာသည်။ 'ကျိ' ဟူသည်မှာတရုတ်ဘာသာအားဖြင့် 'ကြက်' ဟုအဓိပ္ပာယ်ရသည်။ 'ကွန်ပို' ဆိုသည်မှာလူတစ်ယောက်၏အမည်ဖြစ်သည်။ 'ကွန်ပို' ဆိုသူလူတစ်ဦးက စတင်ချက်ပြုတ်စားသောက်ရောင်းချခဲ့သော ကြက်သားဟင်းချက်ပြုတ်နည်းဖြစ်သည်။ မြန်မာသံဖြင့် ခေါ်ရာ၌ ကုန်းဘောင်ကြီး' ဟူ၍ အသံထွက်ပြောင်းသွားခဲ့သည်။ ယခုအခါ ကုန်းဘောင်ကြီးဟင်းကို ကြက်သားဖြင့်သာမက ဝက်သားဖြင့်လည်းချက်ပြုတ်ကြပြီး ကြက်သားဖြင့်ချက်သောကုန်းဘောင်ကြီးဟင်းကို 'ကြက်ကုန်းဘောင်' ဟုခေါ်ပြီး ဝက်သားဖြင့် ချက်ပြုတ်သော ကုန်းဘောင်ကြီးဟင်းကို 'ဝက်ကုန်းဘောင်' ဟုခေါ်သည်။