ကိုလိုနီ

ဝီကီပီးဒီးယား မှ

ကိုလိုနီဆိုသည်မှာ လက်အောက်ခံ နိုင်ငံစုကို ခေါ်တွင်သည်။ ဗြိတိသျှ၊ ပြင်သစ်၊ ဒတ်ခ်ျ၊ စပိန်၊ ပေါ်တူဂီ စသောနိုင်ငံများသည် အာရှ၊ ဥရောပ၊ တောင်အမေရိက၊ အာဖရိက စသောတိုက်ကြီးများနှင့် သမုဒ္ဒရာ များတွင် စီးပွားရေးစားကျက် နယ်ပယ်များ ရှာဖွေကြ၍ နည်းအမျိုးမျိုးဖြင့် မိမိတို့ လက်အောက်ခံ နိုင်ငံများအဖြစ် သွတ်သွင်း၍ သွေးစုပ်အုပ်ချုပ်ကြသည်။ စစ်တိုက်ခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း၊ ပြည်တွင်းရေးစွက်ဖက်ခြင်း၊ ဩဇာဖြန့်ခြင်း၊ သာသနာပြုခြင်း စသော နည်းအမျိုးမျိုးဖြင့် လက်နက်အင်အား နည်းပါးသော နိုင်ငံပေါင်းများစွာတို့သည် နိုင်ငံကြီးများ၏ ပိုင်နက်အင်ပါယာ အပါအဝင်များ ဖြစ်ခဲ့ရသည်။ ထိုနိုင်ငံများတွင် ကိုလိုနီအုပ်ချုပ်ရေး စနစ်ဖြင့် သီးခြားအုပ်ချုပ်ကြသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ကိုလိုနီနိုင်ငံအများ လွတ်လပ်လာကြသည်။ ကိုလိုနီလက်အောက်ခံ နိုင်ငံအချို့ ကျန်ရှိနေပေသေးသည်။ [၁]

ကိုးကား

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ