ကိုမင်ဖောင်
ဆိုဗီယက်ရုရှား ဦးဆောင်သော အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်ပါတီများ၏ဗဟိုအဖွဲ့ဖြစ်သည်။ ကွန်မြူနစ်သတင်း ဗြူရိုဟူ၍ အမည်ပေးရာမှ (Communist Imformation Bureau) ကိုမင်ဖောင် ဖြစ်လာသည်။ ၁၉၁၉-ခုနှစ်တွင် ဖွဲ့စည်းသော ကိုမင်တန်၏ နောက်တွင် ပေါ်ပေါက်လာသော်လည်း ဥရောပအရှေ့နှင့် အလယ်ပိုင်းနိုင်ငံများ၊ ပြင်သစ်၊ အီတလီ၊ ရုရှားနိုင်ငံများအတွက်သာ သတ်မှတ်ထား၍ ကွန်မြူနစ်နိုင်ငံအားလုံး မပါဝင်ချေ။ ၁၉၄၇-ခုနှစ်တွင် ဖွဲ့စည်း၍ ၁၉၅၆-ခုနှစ် ဟန်ဂေရီ ပုန်ကန်မှုကြီး ပေါ်ပြီးနောက် ရပ်စဲသွားသည်။ [၁]
ကိုးကား
- ↑ လှသမိန် ၏ ဗဟုသုတစွယ်စုံ
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |