ကိုငြိမ်း(မန္တလေး)

ဝီကီပီးဒီးယား မှ

မန္တလေးမြို့မှ စာရေးဆရာ၊ ကဗျာဆရာ တစ်ဦးဖြစ်သည်။ အမည်ရင်းမှာ ဦးလှကို ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၀၆-ခုတွင် အဖ ဦးဟံသာ၊ အမိ ဒေါ်ဘီတို့က မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ မင်းသားစုရပ် ဆရာမကြီး ဒေါ်သက်ရှည်၏ မူလတန်းကျောင်းတွင် စတင်ပညာ သင်ကြားခဲ့ပြီး မြို့မ ဦးလှကျော်၏ မြို့မ အလွတ်ပညာသင်ကျောင်း၊ စာတိုက်ကွေ့ ဆရာဦးလှမောင်၏ လှသိပ္ပံ အလွတ်ပညာသင်ကျောင်း၊ ဗဟိုအမျိုးသား အထက်တန်းကျောင်းများတွင် အသီးသီး ပညာသင်ကြားခဲ့သည်။ ၁၉၆၅-ခု၊ အောက်တိုဘာလ ငွေတာရီ မဂ္ဂဇင်းတွင် ပါဝင်သည့် ပစ္စည်းမဲ့တော်လှန်ရေးကဗျာဖြင့် စာပေနယ်သို့ စတင်ရောက်ရှိခဲ့သည်။ ထိုစဉ်က ကလောင်အမည်မှာ မောင်ငြိမ်းအေး(မန္တလေး) ဖြစ်၍ ၁၉၈၅-ခုတွင် ကိုငြိမ်း(မန္တလေး)ဟု ပြောင်းလဲခဲ့သည်။ ၁၉၉၀-ပြည့်နှစ်တွင် မောင်သင်းပန်နှင့်တွဲလျက် နွေရောင်ကောင်းကင်ကဗျာများ စာအုပ်ကို ထုတ်ဝေခဲ့သည်။ ဇနီးမှာ ဒေါ်မြမူ(ခ)ဒေါ်မမ ဖြစ်၍ သားသမီး လေးယောက်ရှိသည်။ မန္တလေး အောင်ပင်လယ်ရပ်ရှိ 'လရောင်ပင်လယ်' နေအိမ်တွင် နေထိုင်လျက်ရှိသည်။ [၁]

ကိုးကား

  1. နေထွတ် ၏ မန္တလေးအဘိဓာန်(၁၉၉၉)