ကန်စွန်း

ဝီကီပီးဒီးယား မှ

ကန်စွန်းပင်
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
I. aquatica
ဒွိနာမ
Ipomoea aquatica

ကန်စွန်းသည် အပူပိုင်းဒေသ ကုန်းတစ်ပိုင်း ရေတစ်ပိုင်း ပေါက်ရောက်သော အပင်မျိုး ဖြစ်သည်။ ဟင်းသီးဟင်းရွက် အဖြစ် စိုက်ပျိုးလေ့ ရှိကြသည်။ ကမ္ဘာပေါ်ရှိ အပူပိုင်းနှင့် အပူလျော့ပိုင်း ဒေသများတွင် တွေ့ရလေ့ ရှိပြီး မည်သည့်နေရာတွင် စတင်ပေါက်ရောက်ခဲ့သည်ကိုမူ မသိရပေ။ "'ကန်စွန်း'"သည် ရေထဲ(သို့မဟုတ်) စိုစွတ်သောမြေပေါ်တွင် ရှင်သန်ကြီးထွားနိုင်သည်။ "'ကန်စွန်းရိုး'"များသည် ၂–၃ မီတာ (၇–၁၀ ပေ) သို့မဟုတ် ပို၍ ရှည်လျားနိုင်သည်။ အဆစ်များမှ တစ်ဆင့် အမြစ်များထွက်ကြသည်။ ကန်စွန်းရိုးသည် အခေါင်းပွများဖြစ်ကြပြီး ရေပေါ်၌ ပေါ်နိုင်သည်။ ကန်စွန်းရွက်သည် ပုံမှန်များဖြင့် (မြှားခေါင်းပုံသဏ္ဌာန်) ၅–၁၅ cm (၂–၆ in)သေးသွယ်ရှည်လျား၍ အဖျားပိုင်းချွန်၍ ၂–၈ cm (၀.၈–၃ in) ကျယ်ပြန့်သည်။ ပန်းပွင့်များသည်တံပိုးပုံသဏ္ဌာန်ရှိသည်၊ ၃–၅ cm (၁–၂ in) နှင့် အများအားဖြင့် အဖြူရောင့်ဖြင့် နှင့် အလယ်တွင် မရမ်းစေ့ရောင်ရှိသည်။ ပင်စည်အရိုးကို ဖြတ်၍ မြေ၌ထိုးစိုက်၍ စိုက်ကာ အဆစ်များမှ အမြစ်များဖြာထွက်ကာ ရှင်သန်စေနိုင်သည်၊ (သို့) မျိုးစေ့ကို အသုံးပြု၍လည်း စိုက်ပျိုးနိုင်သည်။ [၁][၂] [၃]

ကိုးကား

  1. Growing kangkong in watercuriousgardener.com
  2. Kangkungking.com။ Kangkungking.com။ ၂၀ နိုဝင်ဘာလ ၂၀၁၂ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၃ ဇန်နဝါရီလ၂၀၁၄ တွင် ပြန်စစ်ပြီး။
  3. ကန်စွန်းရွက်စိုက်ပျိုးနည်း (၅ နိုဝင်ဘာလ ၂၀၁၄)။