အလင်းနှစ်

ဝီကီပီးဒီးယား မှ
နေမှ အလင်းနှစ် ၁၂ အကွာအဝေးအတွင်းရှိ
ကြယ်တို့၏ မြေပုံ

အလင်းနှစ် (အင်္ဂလိပ်: Light-year) ဆိုသည်မှာ စကြာဝဠာအားတိုင်းတာရာတွင် အသုံးပြုသော အတိုင်းအတာ ယူနစ်တစ်ခု ဖြစ်သည်။ အလင်းသည် တစ်စက္ကန့်လျင် ကီလိုမီတာ ၃ သိန်း (မိုင်ပေါင်း ၁၈၆,၀၀၀) ခရီးသွားသည်။ ထိုကဲ့သို့ အမြန်နှုန်းဖြင့် တစ်နှစ်လုံး အလင်းဖြတ်သန်းသွားသော အကွာအဝေးသည် အလင်းနှစ် ၁ နှစ် ဖြစ်သည်။ ဥပမာ လကမ္ဘာသည် ကမ္ဘာမှ မိုင်ပေါင်း ၂၄၀,၀၀၀ သာဝေးသည်။ ထို့ကြောင့် လကမ္ဘာသည် ကမ္ဘာမြေသို့ အလင်းနှစ် ၁ စက္ကန့်ကျော်ခန့်သာ ဝေးကွာသည်။ နေစကြာဝဠာပြင်ပမှ အရာများအားတိုင်းတာရာတွင် အလင်းနှစ်ကို စံနမူနာထားကာ အသုံးပြုသည်။

အလင်းနှစ် (၁) နှစ် = ၉၄၆ဝ၇၃ဝ၄၇၂၅၈ဝ၈ဝဝ မီတာ (အတိအကျ)
≈ ၉.၄၆၁ ပီတာမီတာ
≈ ၅.၈၇၈၆၂၅ ထရီလီယံ မိုင်
≈ ၆၃၂၄၁.ဝဝ၇ AU
≈ ဝ.၃ဝ၆၆ဝ၁ parsecs