မျိုးသိမ်းကြီး

ဝီကီပီးဒီးယား မှ
ဒေါက်တာ

မျိုးသိန်းကြီး
ပညာရေး ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
ဧပြီ ၆၊ ၂၀၁၆ (၂၀၁၆-၀၄-၀၆)
ယခင်လူအောင်ဆန်းစုကြည်
မြန်မာ ပညာရေးသုတေသနဌာန
တာဝန်သက်တမ်း
ညွှန်ကြားရေးမှူးချုပ်
တာဝန်သက်တမ်း
၂၀၁၂ ဒီဇင်ဘာ – ၂၀၁၅
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်
တာဝန်သက်တမ်း
၂၀၁၅ – ဧပြီ ၆၊ ၂၀၁၆ (၂၀၁၆-၀၄-၀၆)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1965-09-02) စက်တင်ဘာ ၂၊ ၁၉၆၅ (အသက် ၅၈)
ရန်ကုန်မြန်မာနိုင်ငံ
လူမျိုးမြန်မာ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်,
Technological University, Berlin
ရန်ကုန်စီးပွားရေးတက္ကသိုလ်
အစိုးရအဖွဲ့ဦးထင်ကျော် အစိုးရ

ဒေါက်တာ မျိုးသိမ်းကြီးသည် မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန၏ လက်ရှိ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။ သူသည် ယခင်က ဒဂုံတက္ကသိုလ်၊ သင်္ချာဌာန ၌ ပါမောက္ခ၊ မြန်မာနိုင်ငံ ပညာရေး သုတေသနဌာန၌ ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ၌ ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည် ပြီးနောက် ၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန၏ ဝန်ကြီး ဖြစ်လာခဲ့သည်။

ဘွဲ့များ

သူသည် ၁၉၉၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ M.Sc ဘွဲ့ ရရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဘာလင် နည်းပညာတက္ကသိုလ်မှ ပညာရေးဆိုင်ရာ Dr.rer.nat. ဘွဲ့၊ ၂၀၀၂ ခုနှစ်တွင် ပညာရေးစီမံခန့်ခွဲရေးဆိုင်ရာ ဒီပလိုမာဘွဲ့ တို့ကို ရရှိခဲ့သည်။

အသက်မွေးဝမ်းကျောင်း

တက်ကြွစွာနှစ် ရာထူး ဌာန
၁၉၈၆-၂၀၀၇ နည်းပြ မှ တွဲဖက်ပါမောက္ခ သင်္ချာဌာန၊ ရန်ကုန်တက္ကသိုလ်
၂၀၀၇-၂၀၀၉ ပါမောက္ခ သင်္ချာပညာဌာန၊ ဒဂုံတက္ကသိုလ်
၂၀၀၉-၂၀၁၀ ဒုတိယ ပါမောက္ခချုပ် ဒဂုံတက္ကသိုလ်
၂၀၁၀-၂၀၁၁ ဒုတိယ ပါမောက္ခချုပ် မုံရွာတက္ကသိုလ်
၂၀၁၁-၂၀၁၂ ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်မြင့်ပညာဦးစီးဌာန
ဇူလိုင် ၂၀၁၂ - ဒီဇင်ဘာ ၂၀၁၂ ဒုတိယညွှန်ကြားရေးမှူးချုပ် အမှတ် (၁) အခြေခံပညာဦးစီးဌာန
ဒီဇင်ဘာလ ၂၀၁၂-၂၀၁၅ ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံ ပညာရေးသုတေသနဦးစီးဌာန
ဧပြီ ၂၀၁၅ - ၂၀၁၆ ပါမောက္ခချုပ် ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်
ဧပြီလ ၂၀၁၆ - လက်ရှိ ပြည်ထောင်စုဝန်ကြီး ပညာရေးဝန်ကြီးဌာန

ကိုးကား