ပင်လယ်ကွေ့ စစ်ပွဲ

ဝီကီပီးဒီးယား မှ
၂၂:၂၅၊ ၆ ဖေဖော်ဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
Persian Gulf War

ထိပ်ဆုံးမှ စ၍ လက်ယာရစ်၊ အမေရိကန် လေတပ် လေယာဉ်မှ ကူဝိတ်နိုင်ငံရှိ လောင်ကျွမ်းနေသာ ရေနံတွင်းများ အပေါ်တွင် ဖြတ်၍ ပျံသန်းနေပုံ၊ ဂရန်ဘီ စစ်ဆင်ရေးမှ ဗြိတိသျှ တပ်များ၊ လော့ဒ်ဟိ AC-130 မှ ကင်မရာဖြင့် ရိုက်ထားသော မြင်ကွင်း၊ မရဏ ဟိုင်းဝေး၊ M728 တိုက်ခိုက်ရေးယာဉ်
ရက်စွဲ၂ ဩဂုတ် ၁၉၉၀ - ၂၈ ဖေဖော်ဝါရီ ၁၉၉၁ (၂၁၀ ရက်) (Operation Desert Storm officially ended 30 November 1995)[၂]
နေရာအီရတ်ကူဝိတ်နိုင်ငံဆော်ဒီအာရေဗျအစ္စရေးနိုင်ငံ
ရလဒ်

မဟာမိတ် တပ်ပေါင်းစု အောင်ပွဲခံ

  • အီရတ်အား စီးပွားရေး ပိတ်ဆို့မှု ပြုခဲ့သည်။
  • ကူဝိတ်မှ အီရတ် တပ်များကို ဖယ်ရှားခဲ့သည်။
  • အီရတ်မှ အသေအပျောက်များပြီး အီရတ်နှင့် ကူဝိတ်မှ
    အခြေခံ အဆောက်အအုံများ ပျက်စီးခဲ့သည်။
စစ်ရင်ဆိုင်သည့် နိုင်ငံများ

မဟာမိတ် တပ်ပေါင်းစုများ

 ကူဝိတ်
 အမေရိကန်
 ယူနိုက်တက်ကင်းဒမ်း
 ဆော်ဒီအာရေဗျ
 ပြင်သစ်
 အီတလီ
 ကနေဒါ
 အီဂျစ်
 ဆီးရီးယား
 မော်ရိုကို
 အာရပ်စော်ဘွားများပြည်ထောင်စု
 အိုမန်
 ကာတာ
 ဘင်္ဂလားဒေ့ရှ်

 အီရတ်

တပ်မှူးများနှင့် ခေါင်းဆောင်များ

ကူဝိတ်နိုင်ငံ Jaber Al-Ahmad Al-Jaber Al-Sabah
အမေရိကန်ပြည်ထောင်စု ဂျော့ချ် ဟားဘတ် ဝေါလ်ကာ ဘုရှ်
အမေရိကန်ပြည်ထောင်စု ကောလင်း ပေါင်ဝဲလ်
အမေရိကန်ပြည်ထောင်စု Norman Schwarzkopf
အမေရိကန်ပြည်ထောင်စု John J. Yeosock
အမေရိကန်ပြည်ထောင်စု ဝေါ်လ်တာ အီး၊ ဘွန်မာ
အမေရိကန်ပြည်ထောင်စု ချားလ်စ် ဟော်နာ
အမေရိကန်ပြည်ထောင်စု စတန်လေ အာသာ
ယူနိုက်တက်ကင်းဒမ်းနိုင်ငံ ဂျွန် မေဂျာ
ယူနိုက်တက်ကင်းဒမ်းနိုင်ငံ သက်ချာ မာဂရက်
ဆော်ဒီအာရေဗျနိုင်ငံ ဖာဟဒ် ဘုရင်

ဆော်ဒီအာရေဗျနိုင်ငံ စူလတန် မင်းသား[၃][၄]

အီရတ်နိုင်ငံ ဆဒမ် ဟူစိန်
အီရတ်နိုင်ငံ အလီ ဟာဆန် အယ်လ် မာဂျစ်
အီရတ်နိုင်ငံ Izzat Ibrahim al-Douri
အီရတ်နိုင်ငံ Salah Aboud Mahmoud
အီရတ်နိုင်ငံ Hussein Kamel al-Majid

အီရတ်နိုင်ငံ Abid Hamid Mahmud
စစ်အင်အား
၉၅၉,၆၀၀[၅] ၅၄၅,၀၀၀ ( ကူဝိတ်တွင် ၁ သိန်း)[ကိုးကားချက်လိုသည်]
အသေအပျောက်
မဟာမိတ်တပ်ပေါင်းစု:
၂၉၂ဦး သေဆုံး[၆]
၇၇၆ ဦး ဒဏ်ရာရ[၇]
ကူဝိတ်:
၂၀၀ သေဆုံး[၈]

၂၀,၀၀၀ မှ ၃၅,၀၀၀ အထိ သေဆုံး

၇၅,၀၀၀+ ဒဏ်ရာရ[၇]

ကူဝိတ် အရပ်သား သေဆုံးမှု:
၁၀၀၀ ကျော် သေဆုံး[၉]
၆၀၀ ပျောက်ဆုံး[၁၀]
အီရတ်အရပ်သား သေဆုံးမှု:
၃,၆၆၄ ဦးခန့် သေဆုံး[၁၁]

အခြား အရပ်သား သေဆုံးမှု:
အရပ်သား ၃၀၀ သေဆုံး[၁၂]


ပါရှန်း ပင်လယ်ကွေ့ စစ်ပွဲ (ဩဂုတ်လ ၂ ရက် ၁၉၉၀ - ဖေဖော်ဝါရီလ ၂၈ရက် ၁၉၉၁) ကို ပင်လယ်ကွေ့ စစ်ပွဲဟုသာ ခေါ်ဝေါ်လေ့ ရှိကြပြီး ကုလသမဂ္ဂ မှ ခွင့်ပြုထားသော နိုင်ငံပေါင်း ၃၄နိုင်ငံမှ မဟာမိတ် တပ်များကို အမေရိကန်ပြည်ထောင်စုနှင့် ယူနိုက်တက်ကင်းဒမ်း တို့မှ ဦးဆောင်ပြီး အီရတ်နိုင်ငံကို တိုက်ခိုက်ခဲ့သော စစ်ပွဲ ဖြစ်သည်။

ထိုစစ်ပွဲကို အီရတ်ခေါင်းဆောင်ဟောင်း ဆဒမ် ဟူစိန်မှ စစ်ပွဲများအားလုံး၏ မိခင်စစ်ပွဲဟု ရည်ညွန်းလေ့ရှိပြီး ပြန်လှန်တိုက်ခိုက်သော စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေး အမည်နှင့် ရောနှော၍ ကန္တာရမုန်တိုင်း စစ်ဆင်ရေး ဟု လွဲမှားစွာ ခေါ်ဝေါ်လေ့ ရှိကြသည်။ ၂၀၀၃-၂၀၁၀ အီရတ်စစ်ပွဲ ပေါ်မူတည်၍ ပထမ ပင်လယ်ကွေ့ စစ်ပွဲ၊ ပင်လယ်ကွေ့ စစ်ပွဲ ၁၊ အီရတ်စစ်ပွဲ စသည်ဖြင့်လည်း ခေါ်ဝေါ်လေ့ ရှိကြသည်။

အီရတ်တပ်ဖွဲ့များက ၁၉၉၀ ဩဂုတ်လ ၂ ရက်တွင် ကူဝိတ်နိုင်ငံကို ကျူးကျော်ခြင်းကို နိုင်ငံတကာမှ ဝိုင်းဝန်းရှုံ့ချမှုများဖြင့် တုံ့ပြန်ခဲ့သည်။ အီရတ်နိုင်ငံကိုလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် နိုင်ငံများမှ ချက်ချင်း စီးပွားရေး ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။ အမေရိကန် သမ္မတ ဂျော့ချ် အိတ်ချ် ဒဗလျူ ဘုရှ်က အမေရိကန် တပ်များကို ဆော်ဒီအာရေဗျ နိုင်ငံ အတွင်းတွင် ၆ လအကြာတွင် ပို့ဆောင် တပ်စွဲစေခဲ့သည်။ အခြားနိုင်ငံများကိုလည်း ထိုနေရာသို့ သူတို့၏ တပ်များ ပို့ဆောင်ရန် တိုက်တွန်းခဲ့သည်။ နိုင်ငံအများအပြားကပင် မဟာမိတ်တပ်သို့ ပူးပေါင်း ဝင်ရောက်ခဲ့ကြသည်။ မဟာမိတ် တပ်များတွင် စစ်အင်အားအများစုကို အမေရိကန် ပြည်ထောင်စု၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အီဂျစ်တို့မှ ပါဝင်ပံ့ပိုးကြသည်။ ယူအက်စ် ဒေါ်လာ ၆၀ ဘီလီယံ ကုန်ကျရာတွင် ၃၆ ဘီလီယံကို ဆော်ဒီအာရေဗျ နိုင်ငံမှ ပေးခဲ့သည်။

ကိုးကား

  1. Den 1. Golfkrig။ Forsvaret.dk (24 September 2010)။ 12 January 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 February 2011 တွင် ပြန်စစ်ပြီး။
  2. Historical Events on 30th November။ Historyorb.com။ 2010-03-18 တွင် ပြန်စစ်ပြီး။
  3. Persian Gulf War, the Sandhurst-trained Prince
    Khaled bin Sultan al-Saud was co-commander with General Norman Schwarzkopf
    www.casi.org.uk/discuss
  4. General Khaled was Co-Commander, with U.S. General Norman Schwarzkopf, of the allied coalition that liberated Kuwait www.thefreelibrary.com
  5. Gulf War Coalition Forces (Latest available) by country www.nationmaster.com
  6. 2010 World Almanac and Book of Facts, Pg. 176, Published 2009, Published by World Almanac Books; ISBN 1-60057-105-0
  7. ၇.၀ ၇.၁ Persian Gulf War - MSN Encarta။ 1 November 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 May 2011 တွင် ပြန်စစ်ပြီး။
  8. Iraqi Invasion of Kuwait; 1990 (Air War). Acig.org. Retrieved on 12 June 2011
  9. The Use of Terror during Iraq’s invasion of Kuwait။ The Jewish Agency for Israel။ 24 January 2005 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-06-22 တွင် ပြန်စစ်ပြီး။
  10. Kuwait: missing people: a step in the right direction။ Red Cross။
  11. The Wages of War: Iraqi Combatant and Noncombatant Fatalities in the 2003 Conflict။ Project on Defense Alternatives။ 2009-05-09 တွင် ပြန်စစ်ပြီး။
  12. "Why were Casualties so low?" (28 January 1993). Nature 361 (6410): 293–296. doi:10.1038/361293a0.