စံတင်

ဝီကီပီးဒီးယား မှ
၀၇:၁၂၊ ၂၁ ဒီဇင်ဘာ ၂၀၂၀ နေ့က Mkthadotdr (ဆွေးနွေး | ပံ့ပိုး) (စံတင်၊​ ဦး​ စာမျက်နှာကို စံတင် သို့ မျိုးကြည်သာက ရွှေ့ခဲ့သည်: ဆောင်းပါးအမည်ပေးစနစ်နှင့် ကိုက်ညီစေရန်) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)

စံတင်၊ ဦး[ပြင်ဆင်ရန်]

ထားဝယ်မြို့ ပိန္နဲတောရပ်၊ ဦးလူညို၊ ဒေါ်ပိုတို့မှ ၁၉၃၁ ခုတွင် ဖွားမြင်သည်။ ရန်ကုန်တက္ကသိုလ်မှ ၁၉၅၇ တွင် မြန်မာစာ ဂုဏ်ထူးတန်း အောင်မြင်သည်။ ရန်ကုန်တက္ကသိုလ် ၁၉၆၈ တွင် ကထိက အဖြစ် လည်းကောင်း၊ ဆိုဗီယက် ပြည်ထောင်စု လီနင်ဂရက် တက္ကသိုလ် အရှေ့ပိုင်း ဘာသာရပ်များ၊ မဟာဌာနတွင် မြန်မာစာ ပါမောက္ခအဖြစ် (၁၉၇၀-၇၂) လည်းကောင်း၊ ပြင်ဦးလွင် စစ်တက္ကသိုလ် (၁၉၆၆ - ၆၈) စသည်တို့တွင် မြန်မာစာ ဌာနမှူး ကထိက အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။ မဟာဝိဇ္ဇာဘွဲ့အတွက် နန်းတွင်း ဇာတ်တော်ကြီးများ သမိုင်းကို ပြုစုခဲ့သည်။ ရှုမဝနှင့် အခြားမဂ္ဂဇင်း အချို့တွင် 'မြန်မာဂုဏ်စံတင်' အမည်ဖြင့် ဆောင်းပါးအချို့ ရေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်း စာတည်းမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် တွင် မြန်မာစာဌာန ကထိက အဖြစ် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစား ယူခဲ့သည်။ ဦးစံတင်သည် ဒေါ်သန်းခင်နှင့် လက်ထပ် ထိမ်းမြား၍ သားနှစ်ယောက် ( ကောင်းမြတ်သူ၊ ဘုန်းမြတ်သူ ) တို့ ထွန်းကားခဲ့သည်။ ယခုအခါ အမှတ် ၁၈၊ မအူပင်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်၌ နေထိုင်လျက် ရှိသည်။