ငရဲမီး

ဝီကီပီးဒီးယား မှ

မြန်မာ့အခေါ်အားဖြင့် ငရဲမီးသည် ဝတ္ထုပစ္စည်းများကို စားနိုင်သော အက်ဆစ်များကို ဆိုလိုသည်။ အက်ဆစ် အမျိုးမျိုးရှိကြသော်လည်း ယင်းတို့အားလုံးကို ငရဲမီးဟူ၍ မခေါ်ကြပေ။ အထူးအားဖြင့် ဆာလဖျူရစ်အက်ဆစ်၊ နိုက်ထရက် အက်ဆစ်၊ ဟိုက်ဒရိုကလိုရစ် အက်ဆစ်တို့သည် ဝတ္ထုပစ္စည်းများကို စားနိုင်ကြသဖြင့် ယင်းတို့ကို ငရဲမီးဟု ခေါ်လေ့ရှိသည်။

နိုက်ထရစ်အက်ဆစ်သည် ကြေးနီ၊ သွပ်၊ သံ၊ ငွေသတ္တု၊ ပြဒါးကဲ့သို့သောသတ္တုများကို စားနိုင်သည်။ ထိုပြင် နိုက်ထရစ် အက်ဆစ် တစ်ဆကို ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၃ ဆနှင့် ရောလိုက်လျှင် ရွှေ၊ ပလက်တီနမ်၊ တိုင်တေနီယမ်၊တန်တလမ် ကဲဲ့သို့သော အဖိုးတန် သတ္တုများကိုပင်လျှင် စားပစ်နိုင်သည်။ နိုက်ထရစ်အက်ဆစ်နှင့် ဟိုက်ဒရိုက်ကလိုရစ် အက်ဆစ်အရောကို လက်တင်ဘာသာအားဖြင့် အက်ကွာရီဂျီးယားဟု ခေါ်သည်။ ဟိုက်ဒရိုက်ကလိုရစ် အက်ဆစ်တစ်မျိုး တည်းကလည်း ကြေးနီ၊ ငွေသတ္တု၊ သွပ်ကဲ့သို့သော သတ္တုများကို စားပစ်နိုင် သည်။ အထူးသဖြင့် ဟိုက်ဒရိုက်ကလိုရစ်အက်ဆစ်ကို ဂဟေဆက်ရာတွင် အသုံးပြုကြသည်။ ဗလောက်လုပ်သူများ သည်လည်း ထိုအက်ဆစ်ကို များစွာ အသုံးပြုကြလေသည်။ နိုက်ထရစ်အက်ဆစ်သည် သတ္တုများကိုသာ မဟုတ်သေး။ အသားအရေနှင့် အသီးအနှံများကိုလည်း စားနိုင်ပေသည်။ ဆာလဖျူရစ်အက်ဆစ်ကလည်း မက်ဂနီဇီယမ်၊ သွပ်၊ ခဲ၊ ကြေးနီ၊ ပြဒါး၊ ငွေကဲ့သို့သော သတ္တုများကို စားနိုင်သည်။ ထို ကြောင့် ထိုငရဲမီးများကို စက်မှုလက်မှု လုပ်ငန်းများတွင် အမြောက်အမြား အသုံးပြုကြလေသည်။ မြန်မာဝေါဟာရ၌ သေနတ်ကျည်ဆန်၏ နောက်ပိတ်ယမ်းခွက်ကိုလည်း ငရဲမီးဟု ဆိုလိုသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)