မာတိကာသို့ ခုန်သွားရန်

ပေကြိုးဘူး

ဝီကီပီးဒီးယား မှ
၁၅:၂၉၊ ၁၇ ဇန်နဝါရီ ၂၀၂၁ နေ့က 69.160.29.107 (ဆွေးနွေး) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)

ပေကြိုးဘူးသည် အတိုင်းအတာ လက်မ၊ ပေ၊ ကိုက်၊ မီလီမီတာ၊ စင်တီမီတာ အမှတ်အသားများပါသော ကြိုးပြားကို ရစ်သိမ်းထားသော ဘူးကို ခေါ်သည်။ တိုင်းတာချင်သောအခါ ထုတ်၍တိုင်းတာပြီး သိမ်းချင်သောအခါ ရစ်၍ ပြန်သိမ်းနိုင်သည်။ ပေကြိုးဘူးသည် ၂၅-ပေ၊ ၅၀၀-ပေ၊ ၁၀၀-ပေ အလျားအမျိုးမျိုးရှိ၍ သတ္တုကြိုး၊ အဝတ်ကြိုး၊ သံမဏိကြိုးများကို သားရေဘူး သို့မဟုတ် သံဘူးဖြင့် ပြုလုပ်ကြသည်။ ၎င်းကို ရှည်လျားသော အလျားများ၊ တိုင်၊ ယက်မများ၏ အနေအထားများကို တိုင်းထွာရာ၌ အသုံးပြုနိုင်ပေသည်။ အထိုက်အလျောက် တိကျမှုသာ လိုအပ်သည့်အခါ အဝတ်ကြိုးကို အသုံးပြု၍ အတိအကျလိုအပ်သည့်အခါ သံမဏိကြိုးကို အသုံးပြုကြပေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. သံချီသံကွေးသင်တန်းမှတ်စု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ သုဝဏ္ဏမြို့။