သကုလာထေရီ

ဝီကီပီးဒီးယား မှ
၀၃:၂၁၊ ၁၅ အောက်တိုဘာ ၂၀၂၀ နေ့က 103.83.188.19 (ဆွေးနွေး) (→‎ဘဝဇာတ်ကြောင်း:  စာလုံးပေါင်း ပြင်ခဲ့သည်) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)

သကုလာထေရီ သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ဧတဒဂ်ရ ရဟန်းမိန်းမတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ရေတွက်သော် ကမ္ဘာတစ်သိန်းအထက် ကာလတွင် ဖြစ်၏။ ထိုအချိန်တွင် ပဒုမုတ္တရဘုရားပွင့်တော်မူ၏။ ထိုအချိန်တွင် သကုလာထေရီသည် ဟံသာဝတီမြို့တွင် မင်းသမီး ဖြစ်၏။ အာနန္ဒာမင်း၏ သမီးတော် ဖြစ်၏။

သကုလာထေရီသည် မြတ်စွာဘုရားထံ ချဉ်းကပ်ကာ တရားနာတော်မူခဲ့၏။ ထိုအချိန်တွင် မြတ်စွာဘုရားသည် ရဟန်းမိန်းမတစ်ယောက်ကို ဒိဗ္ဗစက္ခုအဘိညာဉ်အရာတွင် ဧတဒဂ် ထားတော်မူ၏။ ထိုအခါ သကုလာထေရီသည် မြတ်စွာဘုရားအား အလှူပေးလှူကာ ထိုဧတဒဂ်ကို ဆုတောင်း၏။

ထိုအခါ ပဒုမုတ္တရမြတ်စွာဘုရားက ဂေါတမအမည်ရှိသည့် ဘုရားလက်ထက်တွင် “သကုလာ” အမည်ဖြင့် ဧတဒဂ်ရ တပည့်သာဝိကာမ ဖြစ်မည်ဟု မိန့်တော်မူ၏။ ထို့နောက်သေလွန်သော် သကုလာထေရီသည် တာဝတိံသာ နတ်ပြည်သို့ ရောက်ခဲ့၏။

သကုလာထေရီသည် ဤဘဒ္ဒကမ္ဘာ ကဿပဘုရားရှင်လက်ထက်တွင် ပရိဗိုဇ်မ ဖြစ်ခဲ့သည်။ ဆွမ်းခံလှည့်လည်သော် ဆီကိုသာရ၏။ ထိုဆီတို့ဖြင့် မြတ်စွာဘုရား၏ စေတီတော်ကို လှူဒါန်းပူဇော်၏။ ထိုကုသိုလ်ကံဖြင့် တာဝတိံသာ နတ်ပြည်သို့ ရောက်ခဲ့ပြန်သည်။ နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် ဧတဒဂ်ရ အာသဝေါကုန်ခမ်း ရဟန္တာမ ဖြစ်တော်မူ၏။

ကိုးကား[ပြင်ဆင်ရန်]

  1. ခုဒ္ဒကနိကာယ်၊ ထေရီအပဒါန်ပါဠိတော်၊ ကုဏ္ဍလကေသီဝဂ်