ရုံးပင်

ဝီကီပီးဒီးယား မှ

Terminalia phillyreifolia
မျိုးရိုးခွဲခြားခြင်း
လောက:
Plantae
Division:
Tracheophyta
မျိုးပေါင်း:
Magnoliopsida
မျိုးစဉ်:
Myrtales
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
T. phillyreifolia
Synonyms

Anogeissus acuminata (Roxb. ex DC.) Guillaum. & Perr.
Conocarpus lanceolatus Heyne ex Wall.
Conocarpus hirtus Buch.-Ham. ex Wall.
Conocarpus acuminatus Roxb.
Anogeissus tonkinensis Gagnep.
Anogeissus pierrei Gagnep.
Anogeissus harmandii Pierre
Andersonia acuminata Roxb. ex Wight & Arn.

ရုံး(Yon) ၏ ရုက္ခဗေဒ အမည်မှာ Terminalia phillyreifolia ဖြစ်သည်။

ရုံးပင်

ရုံးပင် နှစ်မျိုးနှစ်စားရှိရာ တစ်မျိုးကို ရုက္ခဗေဒအလိုအား ဖြင့် အေနိုဂျီးဆပ်အကျူမီနာတာ(Anogeissus acuminata)ဟု ခေါ်၍ တစ်မျိုးကို အေနိုဂျီးဆပ် ဖီလီရီအီးဖိုလီယာ(Anogeissus phillyreifolia)ဟု ခေါ်သည်။[၁] သို့သော် ၂၀၁၇ ခုနှစ်တွင်သိပ္ပံနည်းကျဆောင်းပါးတစ်ပုဒ်ကို Terminalia phillyreifolia ဟုသတ်မှတ်ပြီးမျိုးစိတ်နှစ်ခုလုံးကိုတစ်မျိုးတည်းအဖြစ်သတ်မှတ်သည်။[၂]

မြန်မာနိုင်ငံတွင် မိုးများ၍ နွေအခါ၌ အရွက်ကြွေသော သစ်တောများတွင် ရုံးပင်ကို တွေ့နိုင်သည်။ ရုံးပင်နှစ်မျိုးရှိရာ တွင် တစ်မျိုးသည် အမြင့်ပေတစ်ရာထိရှိ၍ ပင်စည်လုံးပတ် ရှစ်ပေ ကိုးပေခန့်ရှိလျက် ကျန်တစ်မျိုးမှာ ထိုအပင်ထက် အနည်းငယ် ငယ်သည်။ ထိုပြင် အပင်၏အရွက်နှင့် အခေါက် တို့သည်လည်း တစ်မျိုးနှင့် တစ်မျိုး မတူကြသဖြင့် ခွဲခြားရန် မခဲယဉ်းချေ။

ရုံးပင်နှစ်မျိုးလုံး၏ အသားရောင်မှာ ဝါကြန့်ကြန့်ဖြစ်၍ အတော်အသင့် မာသည်။ ရုံးသားသည် ပြုပြင်ရ ခက်၏။ သို့သော် ပုဆိန်၊ တူ အစရှိသည်တို့၏ လက်ကိုင်ရိုးများ ပြု လုပ်ရန် အကောင်းဆုံးသစ်သား ဖြစ်သည်။ ရုံးသားသည် အသားသေအောင် ပြုပြင်ပေးရာတွင် ကောက်ကွေး ကွဲအက် တတ်သဖြင့် မိုးတွင်းအခါ၌ ထိုသစ်ကို ခွဲဖြတ်စိတ်ဖြာပြီးလျှင် ဂရုစိုက်၍ တဖြည်းဖြည်း ခြောက်သွေ့လာစေရသည်။ ရုံးသား သည် အကြမ်းထည် အဆောက်အအုံများ ဆောက်လုပ်ရာတွင် အသုံးချနိုင်သဖြင့် ယခင်ကထက် ပို၍ ယခုအချိန်တွင် ရုံးသား ကို အသုံးများလာကြလေသည်။ ထိုပြင် အဆောက်အအုံများကို ဒိုင်းကန်မြားထောက်ရန်လည်း အသုံးပြုလုပ်ရန် သင့်တော်သော အသားဖြစ်လေသည်။ သို့သော်လေးသဖြင့် အသုံးနည်းကြသည်။ လှည်းသန်နှင့် ရထားသန်များ ပြုလုပ်ရန်လည်း သင့်တော်သော အသားဖြစ်သည်။

တနင်္သာရီ တောင်ဖက်ပိုင်း၌ ပေါက်ရောက်သော အနန်း ဖိုပင်သည် အမှန်အားဖြင့် ရုံးပင်အငယ်မျိုး ဖြစ်သည်။[၁]

ကိုးကား

  1. ၁.၀ ၁.၁ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  2. Olivier Maurin; Jephris Gere, Michelle van Der Bank and James Stephen Boatwright (2017). "The inclusion of Anogeissus, Buchenavia and Pteleopsis in Terminalia (Combretaceae: Terminaliinae)". Botanical Journal of the Linnean Society 184 (3): 312–325. doi:10.1093/botlinnean/box029.