မာတိကာသို့ ခုန်သွားရန်

ဗုဒ္ဓကိစ္စငါးပါး

ဝီကီပီးဒီးယား မှ

ဗုဒ္ဓကိစ္စငါးပါး

(၁)ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင် တို့အား အခွင့်အားလျော်စွာ အနုမောဒနာပြုခြင်း ကိစ္စ။

(၂)ပစ္ဆာဘတ္တကိစ္စ = နေလွဲအခါ နဲ့ ညနေပိုင်း၌ ပူဇော်ရန်လာသူတို့၏ အပူဇော်ခံပြီး သင့်တော်သော တရားဟောခြင်းကိစ္စ။

(၃)ပုရိမယာမ ကိစ္စ = ညဉ့်ဦးယံ၌ ရဟန်းတို့အား တရားဟောခြင်း၊ကမ္မဌာန်းပေးခြင်း စသောကိစ္စ။

(၄)မဇ္စိုမယာမကိစ္စ = သန်းခေါင်ယံ ၌ စကြာဝဠာ တိုက်တစ်သောင်းမှ လာရောက်ကြကုန်သော နတ်၊ဗြဟ္မာတို့၏ အမေးပုစ္ဆာပြဿနာတို့ကို ဖြေဆိုတော်မူခြင်းကိစ္စ။

(၅)ပစ္ဆိမယာမ ကိစ္စ = မိုးသောက်ယံ ၏ ၃ ပုံ ၊ ၁ ပုံ တွင် - ပထမတစ်ပုံ၌ စင်္ကြံကြွတော်မူခြင်း ၊ ဒုတိယတစ်ပုံ၌ သီဟသေယျဖြင့် လက်ယာနံတောင်း လျောင်းစက်တော်မူခြင်း၊ တတိယအပုံ၌ မဟာဂရုဏာဖြင့် စတုတ္ထဈာန်သမာပတ်ကို ဝင်စားတော်မူ၍ ထို ဂရုဏာသမာပတ်မှ ထတော်မူသောအခါ (အရုဏ်တက်ခါနီး) ယနေ့ ချွတ်ထိုက်သော သတ္တဝါကို ဗုဒ္ဓစက္ခုဖြင့် လောက(၃)ပါးကို ကြည့်တော်မူခြင်း ကိစ္စ ။[]

ကျမ်းကိုး

  1. သုတ်သီလက္ခန် အဌကထာ