ယထာသန္တတိဓုတင်
ယထာသန္တတိဓုတင် ဆောက်တည်မည့် ရဟန်းသည် မိမိအား ချထားသော ကျောင်းအိပ်ရာ နေရာ၌သာလျှင် နေရ၏။ ကျောင်းအိပ်ရာနေရာ၌ မက်မောသော တဏှာဖြင့် ချထားပေးသည့် နေရာအတိုင်းမနေပဲ မိမိစိတ်ကြိုက် ကျောင်းအိပ်ရာနေရာ၌ မနေရပေ။ နေရာ၌ နေလိုသော တဏှာဖြင့် ရဟန်းငယ်များကို နေရာမှ ထသွားအောင် မပြုလုပ်ရပေ။[၁]
ဆောက်တည်ပုံ
ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် “ သေနာသနလောလုပ္ပံ ပဋိက္ခိပါမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “ ကျောင်းအိပ်ရာနေရာ၌ မက်မောသော တဏှာကို ပယ်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊ “ ယထာသန္တတိကင်္ဂံ သမာဒိယာမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “ ချထားပေးသော နေရာ၌ နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]
ဓုတင်ပျက်စီးခြင်း
ကျောင်းအိပ်ရာနေရာ၌ မက်မောသော တဏှာဖြစ်ကာမျှ၌ ယထာသန္တတိဓုတင် ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍ ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]